
အားကစားလောကမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်တဲ့။ အခုလည်း Canelo Alvarez နဲ့ Jake Paul တို့က မေလ (၃) ရက်နေ့မှာ ကစားမယ်တဲ့။ နီဗားဒါးပြည်နယ် လပ်ဗီးဂပ်စ်မြို့မှာရှိတဲ့ T-Mobile Arena အားကစားရုံမှာ ထိုးသတ်မယ်တဲ့။ Jake Paul က Canelo Alvarez ကို စိန်ခေါ်နေတာ ကြာလှပါပြီ။ Canelo Alvarez က အဖက်မလုပ်လို့သာ ပွဲမဖြစ်တာပါ။ အခုချိန်မှာ Canelo Alvarez ဘက်က မငြင်းနိုင်လောက်တဲ့ ထိုးကြေးပေးလိုက်ပုံပေါ်ပါတယ်။ ငွေကြေးအရင်းတည်တဲ့ အားကစားလောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ Canelo Alvarez နဲ့ Jake Paul တို့က ခရူဇာဝိတ် (၂၀၀ ပေါင်) တန်းမှာ ကစားမယ်တဲ့။ ဝိတ်တန်းက မျက်လုံးလှုပ်ချင်စရာကြီးပါ။ ခရူဇာဝိတ်တန်းက Jake Paul ရဲ့ ဝိတ်တန်းပါ။ Canelo Alvarez က စူပါမစ်ဒယ်ဝိတ် (၁၆၈ ပေါင်) တန်းမှာ ကစားနေပါတယ်။ လိုက်ဟဲဗီးဝိတ် (၁၇၅ ပေါင်) တန်းမှာတောင် အကောင်သေးပါတယ်။ ဘာကြောင့်များ ခရူဇာဝိတ်တန်းအထိ တက်သလဲ မပြောတတ်ဘူး။ ကိုယ့်စကေးကို ကိုယ်ယုံလို့ဖြစ်ပါလိမ့်မယ်။ Canelo Alvarez က ဝိတ်တအားတင်ရလိမ့်မယ်။ အရပ်နဲ့ ဝိတ်တန်းက ဘယ်လိုမှ မမျှပါဘူး။ Jake Paul ဘက်က အသာစီးပါ။ Canelo Alvarez က သိသိသာသာလေးသွားပါမယ်။ Canelo Alvarez က နည်းစနစ်သာပေမယ့် Jake Paul မှာလည်း ပါဝါကောင်းနေတယ်။ Jake Paul ရဲ့ ပါဝါကို ခံနိုင်ပါ့မလား။ မရှေးမနှောင်းမှာတင် တွဲဆိုင်းပျက်ပြီလို့ Ring Magazine က တင်ထားပြန်တယ်။ တကယ်ဆိုရင် Turki Alalshikh က Canelo Alvarez ကို (၄) ပွဲစာ စာချုပ်မယ်လို့ သတင်းထွက်တာပါ။ ထိုးကြေးကောင်းကောင်းပေးမယ်တဲ့။ အရင်ဆုံး Terence Crawford ကို စက်တင်ဘာလမှာ ထိုးခိုင်းမယ်။ Canelo Alvarez နဲ့ Jake Paul သတင်းကြောင့် Canelo Alvarez နဲ့ Terence Crawford တွဲဆိုင်းက အချိန်ကြာဦးမယ်လို့ နားလည်မိပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Happy Punch ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati