
Dricus du Plessis က Sean Strickland ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်သွားတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက အနိုင်ပေးတာပါ။ ပြိုင်ဘက်ဟောင်း Alex Pereira က Sean Strickland ကို အကူလူလုပ်ပေးတာပါ။ ပထမအချီမှာ ကစားသမားတွေက Striking ကစားပြီး မြေစမ်းခရမ်းပျိုးလုပ်နေကြပါတယ်။ Dricus du Plessis က ဘယ်အမြင့်ကန်ပြီး ဖိအားပေးထားတာပါ။ Sean Strickland က ထောက်လက်သီးများပြီး လက်သီးအားပြုလွန်းတယ်။ ပထမအချီမှာ သိပ်မကွာပေမယ့် Dricus du Plessis က နည်းနည်းသာတယ်။ အကွက်လည်း ပိုစုံပါတယ်။ ဒုတိယအချီမှာ Dricus du Plessis က ခြေကန်ချက်အသုံးများတယ်။ နင်းခြေတားခြေသုံးပြီး အကွာအဝေးထိန်းထားတာပါ။ Sean Strickland ရဲ့ ထောက်လက်သီးတွေက တော်တော်ကောင်းပြီး ကောင်တာပြန်ထိုးတာ ထိရောက်ပါတယ်။ ဒုတိယအချီမှာ Dricus du Plessis က နှာခေါင်းပေါက်သွားပြီး Sean Strickland က မေးကွဲသွားတယ်။ ဒုတိယအချီမှာ Sean Strickland က ပိုကောင်းလာတယ်။ တတိယအချီမှာလည်း သူတစ်ပြန်ကိုယ်တစ်ပြန်ပါပဲ။ Sean Strickland က ကောင်တာဖမ်းထိုးပြီး ခံစစ်ကို အားပြုတယ်။ Dricus du Plessis က Body Shot ကို အဓိကထားပြီး ထိချက်အသာစီးယူထားတယ်။ ရေကူးလက်သီးဆိုပေမယ့် တော်တော်အလုပ်ဖြစ်ပါတယ်။ စတုတ္ထအချီမှာ Sean Strickland က ညာလက်သီးထိပြီး နှာခေါင်းရိုးကျိုးသွားတယ်။ သွေးတွေက မြင်မကောင်းအောင် ထွက်လာတယ်။ အသက်ကိုတောင် ခက်ခက်ခဲခဲရှူနေရတာပါ။ Dricus du Plessis ကပဲ တရစပ်ဖိအားပေးထားတယ်။ နောက်ဆုံးအချီမှာ Dricus du Plessis က ဖိအားပေးထားတာပါ။ Sean Strickland က နှာခေါင်းသွေးယိုလို့ ခက်ခက်ခဲခဲကစားနေရတယ်။ အလဲထိုးမခံရဖို့အတွက် ရုန်းပြသွားတာပါ။ Dricus du Plessis က အသာစီးပါပဲ။ ရေကူးလက်သီးသုံးပြီး ခုန်ခုန်ထိုးတာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati