
Aung La Nsang ကောင်းတုန်းက မြန်မာပရိသတ်တွေ ပျော်ခဲ့ရတာပါပဲ။ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ပြီး ပွဲသိမ်းနိုင်ပွဲတွေက အများကြီး။ ရင်ခုန်စရာပါပဲလေ။ ပွဲကြည့်ရင်း နှလုံးခုန်ရပ်ပြီး ကွယ်လွန်သွားတာတောင် ရှိသေး။ ပွဲလာနေတုန်းမှာ မအောင့်နိုင်တော့လို့ အပေါ့သွားပေါက်တာ အိမ်သာထဲက ထွက်လာတော့ ပွဲက ပြီးနေပြီ။ အဲလောက်ထိ ပွဲသိမ်းကြမ်းတာပါ။ ရန်ကုန်မှာလည်း ONE Event တွေ ကျင်းပလိုက်တာ ခြိမ့်ခြိမ့်သဲ။ Aung La Nsang ကို ယုံကြည်ပေမယ့် ပြိုင်ဘက်တွေရဲ့ အရည်အသွေးကို သံသယဖြစ်မိတာ အမှန်ပဲ။ အကောင်းဆုံးအချိန်မှာ ကမ္ဘာ့ထိပ်တန်းမဟုတ်ရင်တောင် ကမ္ဘာ့အဆင့်ကစားသမားပါ။ ONE Championship မှာ လူသားအရင်းအမြစ်ရှားပါးမှုကြောင့် အရွယ်လွန် ဒါမှမဟုတ် အရည်အသွေးနိမ့်ပြိုင်ဘက်တွေကိုပဲ ရင်ဆိုင်ခဲ့ရတာပါ။ ကိုဗစ်နောက်ပိုင်းမှာ Aung La Nsang က Reinier de Ridder ကိုဆက်ရှုံးပြီး ချန်ပီယံမဟုတ်တော့ဘူး။ ကိုဗစ်အကျိုးဆက်ကြောင့် ရှုံးရတာ မဟုတ်ပါဘူးလို့ ဝန်ခံထားပေမယ့် ပရိသတ်တွေက ကိုဗစ်ကို အပြစ်တင်တုန်းပဲ။ အရွယ်လွန်ပြိုင်ဘက်တွေကို ပြန်နိုင်ပေမယ့် တတိယပွဲမှာ Vitaly Bigdash ကို မနိုင်တော့ဘူး။ နိုင်ပွဲဆက်လာမလိုဖြစ်ပြီး Shamil Erdogan ကို ပြန်ရှုံးသွားရတယ်။ တကယ်ဆိုရင် Anatoly Malykhin နဲ့ Shamil Erdogan တွဲဆိုင်းက အရင်ဖြစ်သင့်တာပါ။ ဒါပေမယ့် ONE Championship က Oumar Kane နဲ့ Anatoly Malykhin တို့ကို မကျေပွဲပြန်တည်ပေးဖို့များပါတယ်။ Anatoly Malykhin လည်း ဝိတ်တင်နေတဲ့ပုံရိပ်တွေ တက်လာလို့ပါ။ မစ်ဒယ်ဝိတ်တန်းအထိ ဆင်းဖို့နေနေသာသာ ဟဲဗီးဝိတ်တန်းရဲ့ အပေါ်ဝိတ် (၂၆၅ ပေါင်) ဖြစ်အောင် ကြိုးစားဝိတ်တင်နေတယ်။ အဲဒီတော့ Shamil Erdogan နဲ့ Aung La Nsang မကျေပွဲပြန်ဖြစ်လာတယ်။ ဒါကလည်း အဓိပ္ပာယ်မရှိလှပါဘူး။ ပထမပွဲမှာ Shamil Erdogan က ပတ်လည်စီးပြီး လုပ်ချင်တိုင်းလုပ်ပြသွားတာပါ။ Aung La Nsang မှာလည်း ဘာမှမလုပ်နိုင်ပါဘူး။ မကျေပွဲမှာ ဘယ်လိုဖြစ်နိုင်လဲ။ ရလဒ်ကို ကြိုတွေးထားလို့ရပါတယ်။ Aung La Nsang ကို အများကြီးမျှော်လင့်မထားပါနဲ့လို့ မှာချင်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ONE Championship Photo Credit - Aung La Nsang ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati