
Zhang Weili က Tatiana Suarez ကို အနိုင်ယူပြီး စတောဝိတ်ချန်ပီယံကို ကာကွယ်သွားပါတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက အနိုင်ပေးတာပါ။ စတောဝိတ်တန်းမှာ တစ်ကောင်းတည်းပြေးတဲ့ မြင်းပါပဲ။ Tatiana Suarez လည်း ကြေးစားဘဝမှာ ပထမဆုံးရှုံးပွဲကြုံပါပြီ။ ညာဒူးလည်း ကွဲသွားရတယ်။ Striking Skill နဲ့ သက်လုံအားနည်းချက်ကြောင့် အရှုံးရလဒ်ပဲ ရလိုက်တယ်။ Zhang Weili ရဲ့ Takedown Defense က ချီးကျူးစရာပါ။ ပထမအချီမှာ Tatiana Suarez က Zhang Weili ကို ဝင်လုံးပြီး ထုထောင်းနေတာပါ။ ပွဲချိန်အများစုကိုလည်း ထိန်းချုပ်ထားပါတယ်။ ပထမအချီပြီးခါနီးမှာ Zhang Weili က ရုန်းထွက်တယ်။ Tatiana Suarez က Guillotine Choke ယူဖို့ ဖင်ထိုင်ချလိုက်တယ်။ ချုပ်ကွက်ချော်ထွက်သွားပြီး Zhang Weili က Top Position ရသွားပြန်တယ်။ ပထမအချီမှာ Tatiana Suarez သာပါတယ်။ ဒုတိယအချီမှာ Tatiana Suarez အမှားများတယ်။ ဝင်လုံးဖို့ စိတ်လောနေပြီး ခံစစ်အားနည်းလာတယ်။ တကယ်တမ်းမှာ Zhang Weili ကပဲ Mount Position ရပြီး ထုထောင်းနေလိုက်တယ်။ ဒုတိယအချီမှာ အသာစီးပါပဲ။ တတိယအချီမှာလည်း Tatiana Suarez က ဝင်လုံးဖို့ ကြိုးစားတာပဲ။ မဖိန့်ဘဲ အသားလွတ်ဝင်လုံးတာပါ။ Zhang Weili ရဲ့ Takedown Defense က တော်တော်ကောင်းတယ်။ Striking Skill ကလည်း အတော်ကွာနေတယ်။ တတိယအချီပြီးခါနီးမှာ Tatiana Suarez က လေးနေပါပြီ။ ပထမအချီမှာ တာထွက်ကောင်းပေမယ့် နောက်ပိုင်းမှာ စိတ်လောမှုကြောင့် အထိနာသွားတာပါ။ စတုတ္ထအချီမှာ Zhang Weili က ဝင်လုံးလိုက်တယ်။ ဒါကလည်း Tatiana Suarez မောနေမှန်းသိလို့ပါ။ တစ်ကိုယ်လုံးက လေးလံနေတာပဲ။ ဝင်လုံးပြီး ထုထောင်းထားလိုက်တယ်။ Arm Triangle Choke လုပ်ပေမယ့် မအောင်မြင်လိုက်ဘူး။ ချန်ပီယံ Zhang Weili ကပဲ ပွဲချိန်ကို စိုးမိုးထားလိုက်တယ်။ နောက်ဆုံးအချီမှာလည်း Tatiana Suarez က ဘာမှမလုပ်နိုင်ပါဘူး။ ဝင်လုံးဖို့ ကြိုးစားတာလည်း မအောင်မြင်ပါဘူး။ Zhang Weili ရဲ့ လက်သီးချက်နဲ့ ခြေကန်ချက်တွေပဲ ခံစားလိုက်ရပြီး မျက်နှာက ကွဲပြဲသွားတယ်။ ကမ္ဘာ့အဆင့်နပန်းသမားပီပီ Tatiana Suarez က ဝင်လုံးဖို့ ကြိုးစားပေမယ့် ကြမ်းပြင်ပေါ်မှာ Zhang Weili ကပဲ ထုထောင်းသွားတယ်။ ပထမအချီကလွဲရင် ကျန်တဲ့အချီတွေမှာ စိုးမိုးထားနိုင်တယ်။ ထိချက်ကလည်း အသာစီးပါပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati