
အခုနောက်ပိုင်းမှာ UFC အဖွဲ့အစည်းက ဝိတ်တန်းနှစ်ခုရဲ့ တစ်ပြိုင်နက်ချန်ပီယံတွေကို အလိုရှိပုံမရဘူး။ အရင်တုန်းက ဖယ်သာဝိတ်ချန်ပီယံ Conor McGregor ဆိုရင် လိုက်ဝိတ်ခါးပတ်သွားလုတာမလား။ Alexander Volkanovski လည်း လုပ်ခဲ့တာပဲလေ။ UFC အဖွဲ့အစည်းက ချန်ပီယံနဲ့ ချန်ပီယံကို ပေးမထိုးတော့ဘူးတဲ့။ ချန်ပီယံက ဝိတ်တန်းသစ်မှာ ချန်ပီယံဖြစ်ချင်ရင် လက်ရှိရထားတဲ့ ချန်ပီယံဘွဲ့ကို စွန့်လွှတ်ပြီးမှသာ ဝိတ်တန်းပြောင်းထိုးပါတဲ့။ ဒါ့ကြောင့်မို့ လိုက်ဝိတ်ချန်ပီယံဖြစ်ချင်တဲ့ Ilia Topuria လည်း ဖယ်သာဝိတ်ချန်ပီယံဘွဲ့စွန့်လွှတ်ရလိုက်တာပါ။ ဖယ်သာဝိတ် (၁၄၅ ပေါင်) ရအောင် ဝိတ်ချဖို့ ပင်ပန်းတာလည်း ပါဝာာပေါ့။ UFC အဖွဲ့အစည်းက ချန်ပီယံတွေကို မူဝါဒအသစ်အကြောင်း ရှင်းပြထားတယ်တဲ့။ Zhang Weili နဲ့ Valentina Shevchenko တွဲဆိုင်း၊ Belal Muhammad နဲ့ Dricus Du Plessis တွဲဆိုင်း၊ Dricus Du Plessis နဲ့ Alex Pereira တွဲဆိုင်းတွေ ဖြစ်ဖို့သိပ်မလွယ်ဘူး။ တချို့ချန်ပီယံတွေက ဝိတ်တန်းသစ်မှာ အခြေချချင်တာ မဟုတ်ဘူး။ ဝိတ်တန်းနှစ်ခုရဲ့ တစ်ပြိုင်နက်ချန်ပီယံဖြစ်ချင်လို့သာ နောက်ဝိတ်တန်းက ချန်ပီယံကို သွားစိန်ခေါ်တာပါ။ Israel Adesanya နဲ့ Alexander Volkanovski တို့ကိုပဲ ဥပမာပေးမယ်။ ဝိတ်တန်းပြောင်းချင်လို့ မဟုတ်ဘဲ Double Champion ဖြစ်ချင်လို့ပါ။ ရှုံးသွားရင် မူလဝိတ်တန်းကို ပြန်ဆင်းသွားတယ်။ Ilia Topuria လို ဝိတ်တန်းအသစ်မှာ အခြေချချင်တဲ့ ချန်ပီယံက ပြဿနာမရှိဘူး။ ချန်ပီယံစွန့်လွှတ်ဆိုလည်း စွန့်လွှတ်လိုက်မှာပဲ။ Double Champ Status လိုချင်တဲ့ ချန်ပီယံတွေက ဝိတ်တန်းသစ်ပြောင်းတော့မယ်မထင်ဘူး။ မဟုတ်ရင် ဖွတ်မရ၊ ဓားမဆုံးဦးမှာမလား။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati