
Islam Makhachev အတွက် နောက်ပြိုင်ဘက် ဘယ်သူလဲဆိုပြီး UFC အဖွဲ့အစည်းက နှပ်ကြောင်းပေးထားတာပါ။ ကျွန်တော့်အမြင်က ဖယ်သာဝိတ်ချန်ပီယံ Ilia Topuria ဖြစ်လိမ့်မယ်။ ဒီဘဲလေးကလည်း လိုက်ဝိတ်တက်မယ်ဆိုပြီး သွေးကြွနေတယ်။ ပြီးတော့ Ilia Topuria အတွက် ဖယ်သာဝိတ်တန်းမှာ စိန်ခေါ်သူက အသင့်မရှိသေးဘူး။ Alexander Volkanovski က ရှုံးပွဲဆက်နေတယ်။ Max Holloway က လိုက်ဝိတ်တက်မယ်တဲ့။ Diego Lopes ကလည်း နိုင်ပွဲလိုသေးတယ်။ Alexander Volkanovski ကိုနိုင်ရင် ခါးပတ်လုခွင့်ရသင့်ပါတယ်။ Dana White က Arman Tsarukyan ကို ခါးပတ်လုခွင့်မပေးသေးဘူး။ Arman Tsarukyan ကလည်း Charles Oliveira ကို (၅) ချီပွဲ စိန်ခေါ်ထားတယ်။ Arman Tsarukyan နဲ့ Charles Oliveira မကျေပွဲကို ပြန်ကြည့်ရမလားပဲ။ ပထမပွဲမှာ Split Decision ဖြစ်ထားတာမို့ မကျေပွဲက ကြည့်ပျော်ပါတယ်။ နိုင်တဲ့လူက ခါးပတ်လုခွင့်ရသင့်တယ်။ လိုက်ဝိတ်ချန်ပီယံ Islam Makhachev က မငြင်းပါဘူး။ ကြိုက်တဲ့ပြိုင်ဘက် လာခဲ့ဆိုပြီး ဖိတ်ခေါ်ထားတယ်။ Ilia Topuria အတွက် Islam Makhachev က တော်တော်ထွားနေမလားလို့ တွေးကြည့်တာပါ။ Islam Makhachev ရဲ့ ပွဲတွင်းဝိတ်က (၁၇၈) ပေါင်ရှိနေတာပါ။ Ilia Topuria က ဝိတ်ကိစ္စကို သေချာပြင်ဆင်ထားမှ အဆင်ပြေလိမ့်မယ်။ Islam Makhachev ရဲ့ Ground Game က သိတဲ့အတိုင်းပဲ။ အမှတ်ယူရုံပဲ မဟုတ်ဘဲ ပွဲသိမ်းအထိ သွားတာပါ။ ဝိတ်သေချာမပြင်နိုင်ရင် Ilia Topuria မလွယ်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ bit.ly/3PI6Olm ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati