
မူလတုန်းက Justin Gaethje နဲ့ Dan Hooker တို့ကို (၅) ချီတည်ထားပေမယ့် လက်ဒဏ်ရာကြောင့် Dan Hooker က နှုတ်ထွက်သွားတာ အားလုံးသိပြီးသားပါ။ Rafael Fiziev လူစားဝင်ထိုးပါမယ်။ ပွဲရက်ကပ်နေတာမို့ မူလ (၅) ချီအစား (၃) ချီပဲ ကစားရပါမယ်။ ပွဲသတင်းက အတည်ဖြစ်ပါတယ်။ Rafael Fiziev က ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားပါ။ မွေထိုင်းအားပြုပြီး ကစားတာပါ။ Rafael dos Anjos ရဲ့ Takedown တွေကို ကာကွယ်ပြပြီး နောက်ဆုံးအချီမှာ အလဲထိုးခဲ့တာ အမှတ်တရပဲ။ နိုင်ပွဲဆက်လာပြီး Justin Gaethje ကို ကစားခွင့်ရလာတယ်။ အစောပိုင်းမှာ သေချာဆော့နိုင်ပေမယ့် Eye Poke ကြောင့် တိုင်ပတ်ရှုံးရတာပါ။ ကံဆိုးချင်တော့ Rafael Fiziev က Mateusz Gamrot ကို ဆက်ရှုံးပါသေးတယ်။ ဒါကလည်း ဒူးဒဏ်ရာကြောင့် မထင်မှတ်ဘဲ ရှုံးရတာပါ။ မြင်လွယ်အောင်ပြောရရင် Tom Aspinall က Curtis Blaydes ကို ရှုံးသလိုမျိုးပါပဲ။ အဲဒီနောက်မှာ Rafael Fiziev က ပွဲဝေးသွားတာ အခုထိပါပဲ။ ဒူးဒဏ်ရာကုနေတာကြောင့်လည်း ပါပါတယ်။ Rafael Fiziev က (၂) ပွဲဆက်ရှုံးပြီး အဆင့် (၁၁) ကို ရောက်သွားတာပါ။ Justin Gaethje က အဆင့် (၃) ပါ။ နိုင်ပွဲရရင် Rafael Fiziev က ထိပ်ပိုင်းအဆင့်ကို ပြန်တက်လာမယ်။ လူစားဝင်ထိုးရတာမို့ နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် (၃) ချီပဲ ကစားရမှာမို့ သေချာလေးသာ လုပ်နိုင်ရင် အခွင့်အလမ်းရှိပါသေးတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Dana White Photo Credit - MMA Orbit ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati