
ကာတာနိုင်ငံမှာ ကျင်းပမယ့် ONE 171 ပြိုင်ပွဲမှာ Aung La Nsang နဲ့ Shamil Erdogan တို့ကို မကျေပွဲတည်ပေးထားတယ်။ မကျေပွဲဆိုတာက ပထမပွဲမှာ လက်ရည်မတိမ်းမယိမ်း (အငြင်းပွားဖွယ်) ဖြစ်မှသာ ချက်ချင်းတည်ပေးရတာမလား။ ပထမပွဲမှာ မတိမ်းမယိမ်းမဟုတ်ဘဲ မကျေပွဲက ချက်ချင်းဖြစ်လာတာပါ။ ပထမပွဲမှာ Shamil Erdogan က ဝိတ်အသာစီးထိုးပြီး အနိုင်ယူခဲ့တယ်လို့ စောဒကတက်ရအောင်လည်း Aung La Nsang ကိုယ်တိုင်က ဝိတ်မအောင်ပါဘူး။ ဝိတ်ပိုတာ အတူတူပဲ။ အလဲထိုးခံရတာလည်း ဝိတ်ကြောင့်မဟုတ်ပါဘူး။ ONE Championship ရဲ့ MMA Roster က လူနည်းတယ်။ အထူးသဖြင့် မစ်ဒယ်ဝိတ်တန်းမှာ လူရှားတယ်။ လိုက်ဟဲဗီးဝိတ်တန်းမှာ လူကို မရှိဘူး။ ဟဲဗီးဝိတ်သမားက ဝိတ်ဆင်းပြီး မစ်ဒယ်ဝိတ်သမားက ဝိတ်တင်လို့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ဖန်တီးထားတာပါ။ အခုလည်း Aung La Nsang နဲ့ Shamil Erdogan တို့ကို ထပ်တည်ပေးပြန်ပြီ။ ကျွန်တော်ဆိုရင် အခုမကျေပွဲကို မကြည့်ချင်ပါဘူး။ ပထမပွဲမှာ Shamil Erdogan က Aung La Nsang ကို လုပ်ချင်တိုင်းလုပ်သွားတာပါ။ Aung La Nsang က ဘယ်လိုမှ မယှဉ်နိုင်ဘူး။ Stand & Ground ဘက်စုံနိမ့်တာပါ။ ပထမအချီမှာ အထုအထောင်းခံရလိုက်တာ ဒုတိယအချီလည်း ရောက်ရော သက်လုံက မကျန်တော့ဘူး။ ဘာမှပြန်မလုပ်နိုင်ဘဲ အလဲထိုးခံရတာပါ။ Shamil Erdogan က Anatoly Malykhin ကို စိန်ခေါ်ပြီး မစ်ဒယ်ဝိတ်ခါးပတ်လုသင့်ပါပြီ။ မစ်ဒယ်ဝိတ်တန်းမှာ လူမှမကျန်တော့တာပဲ။ ခါးပတ်လုရုံပဲ ရှိတော့တယ်။ ဖြစ်ချင်တော့ Anatoly Malykhin က ဝိတ်ပြန်ချရဦးမှာမို့ အဆင်သင့်ဖြစ်ပုံမပေါ်ဘူး။ အဲဒီတော့ Aung La Nsang ကို ပြန်ထိုးရတာပဲ။ မြန်မာပရိသတ်တွေက အများကြီးမျှော်လင့်မထားစေချင်ဘူး။ များများမျှော်လင့်ရင် များများနာကျင်ရလို့ပါ။ Aung La Nsang က ကစားသမားနေဝင်ချိန်ကို ရောက်နေပါပြီ။ Shamil Erdogan က အခုမှ တက်တုန်းပဲ ရှိသေးတယ်။ မကျေပွဲမှာ ပထမပွဲထက် ပိုပြတ်သားဖို့များတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - SCMP Photo Credit - ONE Championship ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati