
Dana White က Islam Makhachev နဲ့ Ilia Topuria တို့ကို ဇွန်လထဲမှာ ပွဲတည်ပေးဖို့ စီစဉ်နေတယ်တဲ့။ International Fight Week ထဲမှာ ဖြစ်လိမ့်မယ်တဲ့။ Dana White အတည်ပြုထားတာ မဟုတ်လို့ ကောလာဟလပဲ ရှိသေးတယ်။ နာမည်ကျော် သတင်းထောက် Ariel Helwani ရဲ့ စကားလုံးမို့လို့ ကောလာဟလရယ်လို့ ပြောဖို့ခက်တယ်။ သူပြောရင် လွဲခဲတယ်။ သတင်းတိကျမှုက ဆရာကြီး။ UFC အဖွဲ့အစည်းက UFC 317 ပြိုင်ပွဲကို ဇွန်လ (၂၈) ရက်မှာ ကျင်းပဖို့ အတည်ပြုထားပြီ။ ဒီအတိုင်းဆိုရင် Islam Makhachev နဲ့ Ilia Topuria တို့က UFC 317 ပြိုင်ပွဲမှာ ခေါင်ပွဲဖြစ်လိမ့်မယ်။ ဖြစ်လိမ့်မယ်ဆိုတာထက် ဖြစ်လာဖို့များတယ်။ တွဲဆိုင်းသတင်းကိုလည်း ဒီရက်ပိုင်းမှာ ကြေညာလိမ့်မယ်တဲ့။ Alexander Volkanovski က Islam Makhachev နဲ့ Ilia Topuria တို့ကို ရှုံးဖူးပါတယ်။ သူတို့ဆုံရင် ဘယ်လိုဖြစ်နိုင်လဲဆိုပြီး သတင်းထောက်တွေက မေးကြည့်တော့ ဖြေပုံက ပညာသားပါတယ်။ Ilia Topuria က Islam Makhachev ကို အလဲထိုးနိုင်ပါတယ်တဲ့။ အခွင့်အရေးရရင် ကျအောင်ထိုးနိုင်တယ်တဲ့။ ဒါပေမယ့် Islam Makhachev က လိုက်ဝိတ်တန်းမှာ အသားကျနေပြီတဲ့။ Ilia Topuria က ဒီထက် ပိုလုပ်ပြနိုင်ဖို့ လိုပါတယ်တဲ့။ ဒီအတိုင်းဆိုရင် Ilia Topuria က Islam Makhachev ကို မနိုင်ဘူးလို့ Alexander Volkanovski ပြောသွားတာပါ။ ဒီထက်ပိုတိုးတက်လာမှသာ Ilia Topuria က ရလဒ်ကောင်းနိုင်မယ်ဆိုပြီး မယုတ်မလွန်ဖြေတာပါ။ Islam Makhachev က Ilia Topuria ကို အခွင့်အရေးမပေးလောက်ဘူးတဲ့။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Ariel Helwani Photo Credit - MMA Sound ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati