
Conor McGregor ပွဲသတင်းကို စာဖတ်သူက လာမေးတာ ကျွန်တော်ဖြင့် ဘယ်လိုဖြေရမှန်းတောင် မသိပါဘူး။ ပွဲမထိုးပေမယ့် တားမြစ်ဆေးက ပုံမှန်စစ်နေတုန်းပဲ။ အခုလပိုင်းတွေမှာ BKFC အဖွဲ့အစည်းကိုပဲ အာရုံစိုက်နေပုံရတယ်။ ရုရှားဆိတ်ကြီး Fedor Emelianenko ကိုတောင် စာချုပ်မယ်လို့ သတင်းသဲ့သဲ့ထွက်လိုက်သေးတယ်။ BKFC အဖွဲ့အစည်းက အရင်ထက် ပွဲပိုကျင်းပလာနိုင်တယ်။ ဒူဘိုင်း၊ မန်ချက်စတာ၊ အိုမာဟာစတဲ့ မြို့ကြီးတွေမှာ ပွဲကျင်းပဖို့ ပြင်ဆင်ထားတယ်။ Conor McGregor က သတင်းစာရှင်းလင်းပွဲတက်ရင်း အရက်ကြော်ငြာနေတယ်။ အားလပ်ရက်မှာ စစ်တုရင်ထိုးတယ်။ သားလေးတွေနဲ့အတူ။ ပွဲသာ မထိုးတာ ဘောက်ဆင်သမားတွေကို လှမ်းနှိမ်နေတယ်။ Dmitry Bivol နဲ့ Artur Beterbiev တို့က ဘောက်ဆင်ထိုးပြီး ဒေါ်လာ (၁၀) သန်းစီ ရှာသွားကြတယ်။ တခြားတွဲဆိုင်း (၅) ခုက ကစားသမား (၁၀) ယောက်ရဲ့ ထိုးကြေးတွေလည်း ထွက်လာပြန်တယ်။ ကစားသမား (၁၂) ယောက်လုံးရဲ့ စုစုပေါင်းထိုးကြေးက ဒေါ်လာ (၃၂.၁) သန်းပါ။ အဲဒါကို Conor McGregor က ဘာပြောလဲ။ "ထိုးကြေးစာရင်းက မှန်၊ မမှန်တော့ ကျွန်တော်မသိပါဘူး။ ကစားသမားအကုန်ပေါင်းရင်တောင် ကျွန်တော့်နောက်ဆုံးပွဲက ထိုးကြေးကို မမီပါဘူး" နောက်ဆုံးပွဲမှာ Conor McGregor က Dustin Poirier ကို ရှုံးတာပါ။ ထိုးကြေးက ဒေါ်လာ (၃၂.၁) သန်းမကဘူးလို့ ဆိုချင်ပုံရတယ်။ တတ်လည်း တတ်နိုင်တဲ့ ဆရာသမားပါပဲ။ ပုံမှန်အားဖြင် ဘောက်ဆင်က သံဇကာထက် ထိုးကြေးပိုပေမယ့် Conor McGregor က တချို့နာမည်ကြီးတွေထက် ထိုးကြေးမြင့်ပါတယ်။ Tyson Fury ၊ Usyk ၊ Canelo Alvarez နဲ့ Anthony Joshua တို့မှ အပပေါ့လေ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Conor McGregor ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati