
မတ်လ (၈) ရက်နေ့မှာ ကျင်းပမယ့် ONE Fight Night 29 ပြိုင်ပွဲမှာ စိုးလင်းဦးနဲ့ Dmitrii Kovtun တို့ကို ဘင်တန်ဝိတ် (၁၄၅ ပေါင်) တန်းမှာ ပွဲတည်ပေးထားတယ်။ ပွဲသတင်းက အတည်ပါ။ ရှုံးပွဲဆက်နေတဲ့ စိုးလင်းဦးက နိုင်ပွဲပြန်ရဖို့ လိုအပ်ပါပြီ။ ရုရှားဖိုက်တာ Dmitrii Kovtun က ဘင်တန်ဝိတ်တန်းမှာ အရပ်ရှည်တဲ့ ကစားသမားဖြစ်ပြီး ပြီးခြေပြီးလက် အားနည်းပါတယ်။ ရိုးရာလက်ဝှေ့မှာ စိုးလင်းဦးက ထွန်းထွန်းမင်း၊ တူးတူး၊ ဖိုးကေ၊ ရာမာန်နဲ့ စိုးမောင်ဦးတို့လို ဝိတ်တန်းကြီးတွေကို ယှဉ်ထိုးလာတာပါ။ ဒါတောင်မှ အလဲထိုးမရှုံးဖူးပါဘူး။ ကွဲရှုံးနဲ့ အမှတ်ရှုံးလောက်ပဲ ရှိတာပါ။ မွေထိုင်းပွဲမှာ အကောင်သိပ်မကွာလွန်းတော့ ကစားရတာ ပိုင်ပိုင်နိုင်နိုင်ရှိလှတယ်။ စိုးလင်းဦးလည်း အကျပိုင်းရောက်လာပါပြီ။ အသက်အရွယ်အရ အရင်လောက် မမာနိုင်တော့ဘူး။ ONE Contract ရပြီးမှ ရှုံးပွဲဆက်နေတော့ ဖိအားရှိနေမှာပဲ။ Dmitrii Kovtun ကိုလည်း အနိုင်ထိုးဖို့ လိုအပ်တယ်။ Dmitrii Kovtun က ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိတာ အမှန်ပဲ။ ခွာထိုးထောက်ထိုးလုပ်ပြီး အမှတ်ယူတတ်ရင် ရလဒ်ကောင်းနိုင်တယ်။ စိုးလင်းဦးကို အလဲထိုးဖို့ မလွယ်ပါဘူး။ Dmitrii Kovtun က (၂၇) နှစ်ပဲရှိသေးတာမို့ အရွယ်ကောင်းပါပဲ။ အရပ်ရှည်ပြီး လက်တံရှည်ပါတယ်။ ဘယ်သန်ဖိုက်တာလည်း ဖြစ်နေပြန်တယ်။ စိုးလင်းဦးထက်လည်း အကောင်ပိုကြီးလို့ နည်းနည်းအခက်တွေ့နိုင်ပါတယ်။ ပွဲရက်ကပ်လာမှ ပွဲကြိုသုံးသပ်ချက်ရေးနိုင်ဖို့ ကြိုးစားပါ့မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ONE Championship Photo Credit - Combat Sports Today ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati