
ဩစတြေးလျ လင်းသိုက်ညွန့် Martin Nguyen က ONE Championship ရဲ့ ဝိတ်တန်းနှစ်ခုမှာ တစ်ပြိုင်နက်ချန်ပီယံဖြစ်တဲ့ ပထမဆုံးကစားသမားဖြစ်ပြီး Aung La Nsang က ဒုတိယမြောက် ကစားသမားဖြစ်ပါတယ်။ ရွှေအိုရောင်နေ့ရက်လည်း သိပ်မကွာသလို နေဝင်ချိန်လည်း အတူတူလောက်ပါပဲ။ အခုလို မြင်ရတာ စိတ်မကောင်းစရာပါ။ Aung La Nsang နဲ့ Martin Nguyen တို့က ညီအစ်ကိုဆက်ဆံရေးရှိပြီး Kill Cliff ကလပ်မှာတောင် အတူလေ့ကျင့်ကြဖူးတယ်။ အအောင်မြင်ဆုံးအချိန်မှာ ပရိသတ်တွေလည်း ပျော်ရွှင်ခဲ့ရတာပါပဲလေ။ Aung La Nsang ရဲ့ မျက်နှာကြောင့် Martin Nguyen ကိုလည်း ရွှေမြန်မာတွေ အားပေးခဲ့ရတာပဲမလား။ ကိုဗစ်နောက်ပိုင်းမှာ Aung La Nsang နဲ့ Martin Nguyen တို့က အကျပိုင်းရောက်လာတယ်။ ချန်ပီယံပြုတ်တာလည်း တစ်ရက်တည်းပဲ။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၃၀) ရက်မှာ Aung La Nsang က မစ်ဒယ်ဝိတ်ခါးပတ်ပြုတ်သလို Martin Nguyen က ဖယ်သာဝိတ်ခါးပတ်ပြုတ်တယ်။ အစောပိုင်းမှာတင် ပွဲသိမ်းခံရပြီး ခါးပတ်ပြုတ်ကြတာပါ။ အခုဆိုရင်လည်း Aung La Nsang နဲ့ Martin Nguyen တို့ရဲ့ ကျချက်ကလည်း မြင်မကောင်းဘူး။ နိုင်ပွဲရလိုက် ပြန်ရှုံးလိုက်ဖြစ်ပြီး လုံးလည်လိုက်နေတာပါ။ ဒီနေ့ဆိုရင် Martin Nguyen က နားပြီတဲ့။ ရုတ်တရက်ဆိုသလို နားသွားတာပါ။ ချန်ပီယံပြန်မဖြစ်နိုင်ပေမယ့် ဒီအတိုင်းဆက်ထိုးလို့ရပါသေးတယ်။ (၃၅) နှစ်ပဲ ရှိသေးတာမလား။ နောက် ရက် (၃၀) ကြာရင် ထိပ်စီးပြောင်းတော့မယ့် Aung La Nsang က ဘယ်လိုဆုံးဖြတ်မလဲ မသိသေးပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ONE Championship Photo Credit - Aung La Nsang ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati