
ဖလိုင်းဝိတ်ဆိတ်ကြီး Demetrious Johnson ရဖူးတဲ့ ခါးပတ်နာမည်က UFC Classic Championship Belt ဖြစ်ပါတယ်။ လက်ရှိသုံးနေတဲ့ UFC Legacy Championship Belt လောက် တန်ဖိုးမကြီးလှပေမယ့် UFC Classic Championship Belt လည်း ဒေါ်လာသိန်းဂဏန်းရှိတာပဲ။ လက်ရှိခါးပတ်က ဒေါ်လာ (၃) သိန်း (၃) သောင်းတန်ပါတယ်။ လက်လွတ်စပယ်နိုင်တဲ့ ကစားသမားကို ပြောရရင် အမေရိကန်ကြွက် Demetrious Johnson ကို ထိပ်ဆုံးကရွေးရမယ်။ ဘာလို့လဲ။ Mighty Mouse က Joseph Benavidez ကိုနိုင်ပြီး ဖလိုင်းဝိတ်ချန်ပီယံဖြစ်လာလို့ ခါးပတ် (၁) ခုရတယ်။ ချန်ပီယံဘွဲ့ကိုလည်း (၁၁) ကြိမ်ကာကွယ်ထားနိုင်လို့ နောက်ထပ်ခါးပတ် (၁၁) ခုထပ်ရတယ်။ ဒါဆိုရင် စုစုပေါင်း ခါးပတ် (၁၂) ခုဖြစ်ရမယ်။ ဒါပေမယ့် လက်ထဲမှာ ခါးပတ် (၃) ခုပဲရှိတယ်တဲ့။ ကျန်တာတွေက ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်မှန်း မသိပါဘူးတဲ့။ ဖြစ်ပုံက ဒီလိုပါ။ ပွဲနိုင်လို့ ခါးပတ်သစ်ရလာရင် Demetrious Johnson က ခါးပတ်ကို အိမ်ပြန်မယူဘူးတဲ့။ ခါးပတ်က (၁၂) ပေါင်လောက်လေးတော့ သယ်ရမှာပြုရမှာ ဒုက္ခများတယ်တဲ့။ အဲဒီတော့ ခါးပတ်တွေကို လပ်ဗီးဂပ်စ်မြို့မှာရှိတဲ့ UFC Warehouse ထဲမှာ သိမ်းထားတာတဲ့။ အဲဒီမှာ ဘယ်သူယူလို့ ယူမှန်းမသိဘဲ ပျောက်ကုန်တာတဲ့။ (၃) ခုတည်းရလိုက်တာဆိုတော့ ခါးပတ် (၉) ခုလောက် ပျောက်သွားတဲ့သဘောပါ။ တစ်လက်စတည်းပြောရရင် ONE Championship မှာ ရထားတဲ့ ခါးပတ် (၃) ခုလုံးတော့ အစုံရှိပါတယ်တဲ့။ အခုကိစ္စမှာ Demetrious Johnson ကလည်း ပေါ့တီးပေါ့ဆနိုင်ပါတယ်။ တခြားကစားသမားတွေဆိုရင် ခါးပတ်လိုချင်လွန်းလို့ ငမ်းငမ်းတက်ဖြစ်နေတာလေ။ ဆရာသမားက ရထားတဲ့ ခါးပတ်ကိုတောင် လေးသလေး ဘာလေးလုပ်ပြီး တခြားနေရာမှာ ထားခဲ့တယ်။ လေယာဉ်ပေါ်တင်ရင်လည်း ကုန်စည်ခထပ်ဆောင်ရလည်း ပေးလိုက်ပေါ့။ ဘယ်လောက်ကျမှာမို့လို့လဲ။ Photoshoot မှာ ရိုက်တုန်းက ပုံစံတူခါးပတ်တွေကိုပဲ သုံးထားတာပါတဲ့။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Bloody Elbow Photo Credit - MMA Fighting ကျော်စိုးအောင် (Myanmar Fight Edition)
© COPYRIGHTS 2024 by illuminati