
အမှတ်ပေးဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က ပရိသတ်အမြင်အတိုင်းမဟုတ်တဲ့ တွဲဆိုင်းတွေလည်း အများသားပါ။ အခုပြောချင်တာ မနက်ပိုင်းမှာ ကစားသွားတဲ့ Gervonta Davis နဲ့ Lamont Roach တွဲဆိုင်းဖြစ်ပါတယ်။ Lamont Roach က စူပါဖယ်သာဝိတ်ချန်ပီယံပါ။ ဝိတ်တန်းတက်ပြီး လိုက်ဝိတ်ခါးပတ်ကို စိန်ခေါ်တာပါ။ Lamont Roach က တက်ဝိတ်ဆိုပေမယ့် အိမ်စာလုပ်လာတယ်။ Gervonta Davis က အနည်းငယ်လျှော့တွက်ပုံပေါ်တယ်။ Lamont Roach က ဒီလောက်ထိ တုံ့ပြန်နိုင်လိမ့်မယ်မထင်လောက်ဘူး။ ကြိုးဝိုင်းဒိုင်က Steve Willis ဖြစ်ပါတယ်။ မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေတဲ့ ကြိုးဝိုင်းဒိုင်ပါ။ ဟာသဖိုင်တွေ အများကြီးတက်ဖူးတဲ့ ကြိုးဝိုင်းဒိုင်လေ။ အစောပိုင်းမှာ Gervonta Davis သာပေမယ့် နောက်ပိုင်းမှာ ပြန်ကျသွားတယ်။ Lamont Roach က အထလေးပေမယ့် တော်တော်လေးကို လုပ်ပြနိုင်တာပါ။ နောက်ပိုင်းအချီတွေမှာ ဖိဖိစီးစီးထိုးနိုင်လာတယ်။ ပြောစရာရှိတာက (၉) ချီမြောက်မှာပါ။ လက်သီးထိပြီး Gervonta Davis က ကြမ်းပြင်မှာ ဒူးထောက်ကျပေမယ့် ကြိုးဝိုင်းဒိုင် Steve Willis က အမှတ်စဉ်မရေဘူး။ အမှတ်စဉ်ရေရင် (၉) ချီမြောက်မှာ (၁၀/၈) မှတ်ဖြစ်ပြီး Lamont Roach က (၂) မှတ်သာသွားမှာပါ။ (၁၂) ချီပြည့်ပေမယ့် အရှုံးအနိုင်မပေါ်ပါဘူး။ အမှတ်ပေးဒိုင် (၂) ဦးက သရေပေးတယ်။ ကျန် (၁) ဦးက Gervonta Davis ကို အနိုင်ပေးတယ်။ အဲဒါကြောင့် Majority Draw ဖြစ်ပြီး သရေကျသွားပါတယ်။ အမှတ်ပေးဒိုင် (၃) ဦးမှာ (၂) ဦးဆုံးဖြတ်တာ အတည်ပဲ။ အမှတ်ပေးဒိုင် (၂) ဦးက ကစားသမား (အေ) ကို အနိုင်ပေးလိုက်ရင် ကျန် (၁) ဦးက ဘယ်လိုပဲဆုံးဖြတ်ပါစေ၊ အကျုံးမဝင်ဘူး။ ကစားသမား (အေ) ပဲ အနိုင်ရသွားမှာပဲ။ အခုပွဲမှာလည်း အမှတ်ပေးဒိုင် (၂) ဦးက သရေပေးတာမို့ ကျန် (၁) ဦးက Gervonta Davis ကို အနိုင်ပေးပေမယ့် အရာမရောက်ဘဲ သရေကျသွားတာပါ။ တကယ်ဆိုရင် Lamont Roach က လိုက်ဝိတ်ချန်ပီယံဖြစ်သင့်တာပါ။ ထိချက်လည်း အသာစီးထိုးနိုင်တယ်။ Gervonta Davis ရဲ့ ပထမဆုံးရှုံးပွဲလို့ပဲ နားလည်ထားတာပါ။ အမှတ်ပေးဒိုင် (၃) ဦးနဲ့ ကြိုးဝိုင်းဒိုင်တို့ရဲ့ အမှားအယွင်းတွေကြောင့် Gervonta Davis က သက်သာသွားတာပါ။ ချန်ပီယံဆိုတာ မရှုံးအောင် ကစားရတာဖြစ်ပြီး စိန်ခေါ်သူက အနိုင်ထိုးရတာပါ။ စိန်ခေါ်သူက နိုင်မှကို And New ဖြစ်လိမ့်မယ်။ ချန်ပီယံက မရှုံးရင် And Still ပါပဲ။ အသစ်ပေးတဲ့ ခါးပတ်ကို Gervonta Davis ပဲ ရသွားပါတယ်။ Lamont Roach အတွက် စိတ်မကောင်းပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Premier Boxing Champions Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati