
ကျွန်တော်ကြည့်ဖူးသလောက် တချို့ကစားသမားတွေက ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတယ်။ တချို့တွေက အားနည်းချက်ရှာဖို့ ခက်ကြတယ်။ ဒီထဲကမှ နာမည်ကျော်တွေကို ရွေးထုတ်ပြောပါမယ်။ တချို့အစိတ်အပိုင်းတွေထိရင် မခံနိုင်ကြဘူး။ အဲဒါကလည်း အသည်းပါးတာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိလို့ပါ။ မစ်ဒယ်ဝိတ်ချန်ပီယံဟောင်း Luke Rockhold ကို အရင်ဆုံးပြောချင်တယ်။ ဒီဘဲကြီးက ရုပ်ဖြောင့်သလို ပညာကြွယ်ပါတယ်။ ပညာသီးသန့်ပြောရရင် ထိပ်ဆုံးနေရာမှာ ရှိတာပါ။ ကစားကွက်လည်း တော်တော်လှတယ်။ အားနည်းချက်က မေးရိုးပဲ။ နည်းနည်းပဲ ထိထိ၊ များများပဲ ထိထိ။ မေးထိရင် ဘယ်လိုမှကို မခံနိုင်ဘူး။ အဲဒီတော့ အောင်မြင်မှုသက်တမ်းက အချိန်မကြာလိုက်ဘူး။ Johnny Walker ဆိုရင်လည်း မေးထိရင် မခံနိုင်ဘူး။ သတိထားမိသလောက်ပြောရရင် မစ်ဒယ်ဝိတ်ချန်ပီယံဟောင်း Robert Whittaker လည်း မေးမကောင်းဘူး။ မေးထိရင် တစ်ခါတည်းကျတာပဲ။ တစ်လက်စတည်းပြောရရင် ချန်ပီယံဟောင်း Martin Nguyen ကြီးလည်း ဒီစာရင်းမှာ အကျုံးဝင်ပါတယ်။ ခေါင်းထိရင် မခံနိုင်တာကိုလည်း ပြောရဦးမယ်။ Nate Diaz က မေးထိုးခံရရင်လည်း ပြဿနာမရှိဘူး။ လဲသွားရင်တောင် Damage Recovery လုပ်နိုင်တယ်။ တံတောင်ရိုက်ချက်ကြောင့် မျက်နှာမှာ သွေးရဲနေရင်လည်း အေးဆေးပဲ။ အားနည်းချက်က Head Kick ပါ။ ခေါင်းအကန်ခံရရင် သွားရှာပြီ။ မူးနောက်ပြီး တိုင်ပတ်သွားတာပဲ။ နာမည်ကြီးထဲမှာဆိုရင် ဘင်တန်ဝိတ်ချန်ပီယံဟောင်း Cody Garbrandt လည်း မေးရိုးမကောင်းဘူး။ ဆရာသမားက မိုက်ဂုဏ်ရှိတယ်။ အသာရနေတာပဲ၊ အေးဆေးလေ။ အသာရနေလည်း ပြိုင်ဘက်ကို ဆိုင်ထိုးပြိုင်ထိုးလုပ်ချင်တယ်။ ပြိုင်ဘက်ရဲ့ လက်သီးထိသွားရင် တစ်ခါတည်းမှောက်သွားတာပဲ။ အဲဒါကြောင့် ချန်ပီယံသက်တမ်းက မကြာလိုက်တာပါ။ Daniel Cormier ရဲ့ အားနည်းချက်က Body Shot ပါပဲ။ ဗိုက်ပူကြီးဆိုတော့ မခံနိုင်တာလည်း မပြောတတ်။ နံဘေးကို လက်သီးထိရင် တွန့်တွန့်သွားတယ်။ တော်တော်အားနည်းတာပါ။ မြန်မာ့လက်ဝှေ့သမားထဲမှာဆိုရင် သပြေညိုက Low Kick ထိရင် မခံနိုင်ဘူး။ ပြိုင်ဘက်က သပြေညိုကို အောက်ခြေချည်းပဲ ကန်ပေးရင် ရလဒ်ကောင်းနိုင်တယ်။ မှတ်မိသေးတယ်။ ပါဝိက သပြေညိုကို အောက်ခြေဆက်ကန်ပေးတာ မထနိုင်တော့ဘူး။ အခုစာရင်းက အသည်းပါးတာကို ဆိုလိုတာမဟုတ်ပါဘူး။ အသည်းပါးတယ်ဆိုတာက ဆက်ထိုးလို့ရပေမယ့် အရှုံးပေးပြီး ဆင်းသွားတာကို ဆိုလိုတာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati