
UFC 311 ပြိုင်ပွဲအပြီးမှာ ဂယက်ရိုက်ခဲ့တာ အများကြီးပဲ။ အထင်ရှားဆုံးက Arman Tsarukyan ပါ။ ခါးပတ်လုခွင့်ရပြီးမှ နှုတ်ထွက်သွားလို့ ထိုးကြေးမရလိုက်ဘူး။ နောက်ကျောဒဏ်ရာက ပြင်းထန်တယ်တဲ့။ လမ်းမလျှောက်နိုင်ဘူး၊ မထိုင်နိုင်ဘူးလို့ ကြားရတယ်။ ဒဏ်ရာသက်သာရင် Arman Tsarukyan ကို ခါးပတ်လုခွင့်ပြန်ပေးမလားတဲ့။ Dana White က Plan ပြောင်းသွားတယ်။ ခါးပတ်လုခွင့်တန်းမပေးသေးဘူးတဲ့။ နောက်ပွဲနိုင်မှသာ ပြန်ပေးမယ့် အနေအထား။ တန့်သွားတာ အမှန်ပါပဲ။ ဒီနေရာမှာ ဘက်လိုဆက်စဉ်းစားမိလဲ။ ပြိုင်ပွဲအပြီးမှာ Ilia Topuria က Islam Makhachev ကို စိန်ခေါ်ထားတယ်။ ထုံးစံအတိုင်းပဲ။ အလဲထိုးမယ်ဘာညာ။ Dana White က Islam Makhachev နဲ့ Ilia Topuria တွဲဆိုင်းကိုပဲ ပြန်စဉ်းစားမလားပဲ။ အဲဒါကြောင့် Arman Tsarukyan ကို ခါးပတ်လုခွင့်ပြန်မပေးသေးဘူးလို့ ပြောသလား။ Arman Tsarukyan ကလည်း Dana White ရဲ့ Plan ကို လက်ခံပါတယ်တဲ့။ ချက်ချင်းဆိုသလို Charles Oliveira ကို စိန်ခေါ်ထားပါတယ်။ (၅) ချီပွဲထိုးရအောင်လို့ ဖိတ်ခေါ်တယ်။ Arman Tsarukyan နဲ့ Charles Oliveira မကျေပွဲကို ပြန်ကြည့်ရမလားပဲ။ ပထမပွဲမှာ Split Decision ဖြစ်ထားတာမို့ မကျေပွဲက ကြည့်ပျော်ပါတယ်။ Islam Makhachev နဲ့ Ilia Topuria တွဲဆိုင်းက တော်တော်ကြည့်ကောင်းမယ်။ အလုံးအထည်ကွာနိုင်ပေမယ့် Ilia Topuria ကလည်း ဉာဏ်ကောင်းပါတယ်။ Islam Makhachev က လိုက်ဝိတ်တန်းမှာ တော်တော်များများဖြိုထားပါပြီ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati