
Justin Gaethje က Rafael Fiziev ကို နိုင်သွားပါတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက အနိုင်ပေးတဲ့ Unanimous Decision ဖြစ်ပါတယ်။ Rafael Fiziev က (၁၂) ရက်အလိုမှ လူစားဝင်ထိုးရပေမယ့် တော်တော်လုပ်ပြနိုင်တာပါ။ Body Kick တွေ ကောင်းလိုက်တာ။ ပထမအချီမှာ Justin Gaethje က အငိုက်မိသွားတယ်။ Rafael Fiziev က မထင်မှတ်ဘဲ ဝင်လုံးခဲ့တာပါ။ ပထမအကြိမ် ဝင်လုံးတုန်းက မသိသာဘူး။ ဒုတိယအကြိမ်မှာ Justin Gaethje ရဲ့ ခေါင်းကို ဖင်ကြားညှပ်ပြီး ထုထောင်းနေတာပါ။ Rafael Fiziev ရဲ့ ခြေကန်ချက်တွေက တော်တော်ပြင်းပါတယ်။ ဘယ်ခြေကန်ချက်က တော်တော်ပြင်းတယ်။ ပူးကပ်သွားရင် ဒူးတိုက်လွှတ်တာ နံဘေးကို ထိတာပါ။ Justin Gaethje လည်း ပြန်ထိုးနိုင်ပေမယ့် ပထမအချီမှာ Rafael Fiziev က တော်တော်သာပါတယ်။ ဒုတိယအချီမှာ Rafael Fiziev က ကံကောင်းလို့သာ အလဲထိုးမခံရတာပါ။ Justin Gaethje ရဲ့ ညာပင့်လက်သီးကြီးက မေးတည့်တည့်ထိတာ ဖင်ထိုင်ကျသွားတယ်။ Rafael Fiziev က သတိမလစ်ဘဲ ပြန်လုံးဖို့ ကြိုးစားလို့သာ သက်သာရသွားတာပါ။ ဒုတိယအချီမှာ Justin Gaethje သာပါတယ်။ တတိယအချီမှာ Justin Gaethje က ပင့်လက်သီးစောင့်ထိုးနေတယ်။ Rafael Fiziev လည်း နည်းနည်းပြိုင်သွားသလိုပဲ။ ဒါပေမယ့် ဘယ်ခြေကန်ချက်တွေ ကောင်းနေတုန်းပဲ။ Justin Gaethje ရဲ့ညာနံဘေးကို ဖြောင်းခနဲမှန်တာပါ။ Rafael Fiziev က အနည်းငယ်ကျသွားတယ်။ ဒါကလည်း ဒုတိယအချီမှာ ညာပင့်လက်သီးထိသွားလို့ပါ။ နောက်ဆုံးအချီမှာ Justin Gaethje သာပါတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက အနိုင်ပေးလိုက်ပြီး Rafael Fiziev က ရှုံးပွဲဆက်သွားရတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati