
မြန်မာ့သွေးက ရဲပါတယ်လို့ ထိုင်းတွေက ထိရင် ဆင်းတယ်လို့ ကြွေးကြော်နေကြတဲ့ ဦးအောင်ဇေယျအမျိုးတွေကို Suriyanlek နဲ့ သန့်ဇင်တွဲဆိုင်းက ပညာပေးခဲ့တာပါ။ ဘယ်လူမျိုးပဲဖြစ်ဖြစ် သွေးကြောင်တဲ့လူက ကြောင်ကိုကြောင်တာပါ။ အခုသန့်ဇင်ကိုပဲကြည့်လေ။ သန့်ဇင်က ရာမာန်အငယ်စားလေးဖြစ်ပြီး ဘူးကြက်စိတ်ဓာတ်ရှိပါတယ်။ သာနေရင် မီးကုန်ယမ်းကုန်ဖွင့်ပြီး အလဲထိုးလိမ့်မယ်။ ဖိအားပေးခံရရင် မျက်စိသူငယ်နားသူငယ်ဖြစ်ပြီး ဆင်းတာပဲ။ ဆက်ထိုးလို့ရလည်း ဆင်းပြေးတယ်။ ဒါမျိုးတွေကို ခွန်ခမာပွဲမှာတည်းက ကြည့်ဖူးပြီးသားပါ။ ဘယ်ကစားသမားက ဘယ်အဆင့်လဲဆိုတာ အခုနောက်ပိုင်းမှာ မြန်မာပရိသတ်တွေ တော်တော်သိလာကြပါပြီ။ မသိ၊ သိလာအောင် ကျွန်တော်က အမုန်းခံပြီး ရေးနေဦးမှာပဲ။ နည်းစနစ်မကောင်းတာက သင်ပေးလို့ရတယ်။ သွေးကြောင်တာ၊ အသည်းဇွဲမကောင်းတာက ပြင်လို့မရဘူး။ မွေးရာပါပဲ။ Suriyanlek က ဘယ်လောက်ဇပြင်းလဲ။ လူပြိန်းတွေ ပြောပြောနေတာ ထိုင်းဆိုရင် သွေးကြောင်ပါတယ်ဆို။ ခြေထောက်နာနေတာတောင် ဖြစ်အောင်ထိုးသွားသေးတာပါ။ ပွဲပြီးရင် သူလည်း လမ်းမလျှောက်နိုင်ဖို့များတယ်။ ဒါပေမယ့် နိုင်ထားပြီလေ။ ဘာအရေးကြီးလို့လဲ။ အထိနာလည်း သွေးပျက်မသွားတဲ့ စိတ်ဓာတ်ကို သဘောကျတာပါ။ အရင်တည်းက ရေးဖူးပါတယ်။ ကြယ်လင်းအောင်အသေးစားလေးပါဆို။ လူပြောမသန်၊ လူသန် မပြောတဲ့။ ဝမရှိဘဲ ဝိလုပ်ရင် ဒါမျိုးတွေကြုံလာမယ်ဆိုတာ အရင်တည်းက ရေးခဲ့ဖူးတယ်။ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလို ပလ္လင်ပေါ် မျောက်တက်တာက မြန်မာပရိသတ်တွေလည်း အကုသိုလ်များရတယ်။ အခုတော့ တလွဲတွေ လျှောက်လုပ်လို့ အလဲထိုးလည်း ခံရပြီးပြီ။ အင်တာဗျူးတွေမှာ လူပြိန်းကြိုက်ပြောပြီး ပါးစပ်က ဆီးမရွှင်ဖို့ပဲ အရေးကြီးတယ်။ ဒီအတိုင်းဆက်သွားရင် ဘယ်တိုက်ခိုက်ရေးနယ်ပယ်မှာမဆို အမြင့်တက်ဖို့ မလွယ်ပါဘူး။ အပြောအဆိုတွေကို အကဲခတ်ရရင် အခုလို လက်ဝှေ့ထိုးမယ့်အစား အညာဘုန်းကြီးပျံတွေမှာ ဧယင်ကျူးလိုက်လုပ်ရင် မဆိုးလောက်ဘူးလို့ ယူဆပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati