
Khamzat Chimaev ကြီးက လေတိုက်တိုင်းကြီးနေသလား။ ရုရှားဝံပုလွေက Dricus du Plessis ကို စိန်ခေါ်ထားတယ်။ တကယ်ဆိုရင် စိန်ခေါ်စရာတောင် မလိုတော့ပါဘူး။ Dana White က တည်ပေးမယ်လို့ ပြောထားပြီးပြီမလား။ အသင့်စောင့်ပြီး လေ့ကျင့်နေလိုက်ပါ။ ရုရှားဝံပုလွေ Khamzat Chimaev အကြောင်းက စိတ်ဝင်စားစရာ။ ငယ်ဘဝမှာ လှေကားပေါ်က လိမ့်ကျလိုက်တာ နှုတ်ခမ်းက အခုလိုပုံစံဖြစ်သွားတာပါ။ ရုရှားနိုင်ငံမှာ ကြီးပြင်းပေမယ့် အသက် (၁၈) နှစ်သားမှာ ရေကြည်ရာ မြက်နုရာ ဆွီဒင်နိုင်ငံကို ကူးပြောင်းလာတယ်။ ဒါပေမယ့် ရုရှားနိုင်ငံသားအဖြစ် ရှိနေဆဲပဲတဲ့။ လွန်ခဲ့တဲ့ (၂) နှစ်လောက်က ယူအေအီးနိုင်ငံကို ပြောင်းလာတယ်။ ယူအေအီးနိုင်ငံသားဖြစ်သွားပြီလို့ သိရတယ်။ ရုရှားနဲ့ ယူအေအီးပက်စပို့ကိုင်ထားတဲ့ Dual Citizenship ပါ။ Khamzat Chimaev က ဘာသာရေးဘာညာ အစွဲမထားပါဘူး။ ကိုယ့်အတွက် အကျိုးအမြတ်ရှိမယ်ဆိုရင် လုပ်လိုက်တာပဲ။ အခုလည်း ယူအေအီးနိုင်ငံကို ပြောင်းလာခဲ့တာ ဒီသဘောပါတယ်။ ယူအေအီးအစိုးရက အခွန်ကိစ္စဘာညာ လျှော့ပေါ့ပေးတယ်။ အဆင်ပြေအောင် လုပ်ပေးထားလို့ လက်သာရာ နေတာပါ။ Khamzat Chimaev က ဝယ်တာဝိတ်တန်းကို စိတ်မလာတော့ဘူး။ Belal Muhammad ကိုလည်း လေတိုက်တာ မတွေ့ရတော့ဘူး။ ဝယ်တာဝိတ်တန်းရဲ့ နောက်ဆုံးပွဲမှာ ဝိတ် (၇) ပေါင်ခွဲပိုပြီးတည်းက မစ်ဒယ်ဝိတ်တန်းကို အာရုံစိုက်လာပုံရတယ်။ စိတ်ပါရင် လိုက်ဟဲဗီးဝိတ်တန်းအထိ တက်မယ်တဲ့။ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Khamzat Chimaev ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati