
နည်းပြကြီး Freddie Roach ရဲ့ YouTube Channel ကို မကြာခဏကြည့်ဖြစ်တယ်။ အင်တာဗျူးတွေကိုလည်း လိုက်ရှာဖြစ်တယ်။ စကားပြောရင် အာရွဲ့သလို အကြောဆွဲသလိုဖြစ်ပြီး စကားမပီချင်ဘူး။ ခေါင်းကလည်း ခပ်စောင်းစောင်းဖြစ်နေတယ်။ ပါကင်ဆန်ရောဂါဖြစ်နေတာ ကြာပြီတဲ့။ Freddie Roach က ဘောက်ဆင်သမားပါ။ အကောင်းကြီး မဟုတ်သလို အညံ့ကြီးလည်း မဟုတ်ဘူး။ ပါကင်ဆန်ရောဂါအရိပ်အယောင်တွေ ပြလာလို့ (၂၆) နှစ်မှာတင် အနားယူလိုက်တာပါ။ နည်းပြဘဝရောက်မှသာ ကမ္ဘာကျော်လာတာပါ။ ကစားသမားဘဝက အနားယူတော့ တခြားအလုပ်တွေ ပြောင်းလုပ်သေးတယ်။ Freddie Roach က Eddie Futch ရဲ့ လက်အောက်မှာ လက်ထောက်နည်းပြလုပ်တယ်။ ကံကြမ္မာအပြောင်းအလဲက နောက်ပိုင်းမှသာ ဖြစ်လာတာပါ။ ၁၉၉၁ ခုနှစ်မှာ မင်းသားချော Mickey Rourke က ဘောက်ဆင်ပြန်ထိုးမယ်ဆိုပြီး Freddie Roach ကို နည်းပြခန့်တယ်။ (၄) နှစ်လောက်ကြာတော့ မင်းသားက စိတ်ပြောင်းသွားတယ်ထင်ပါရဲ့။ ရုပ်ရှင်ပြန်ရိုက်မယ်ဆိုပြီး ထွက်ချသွားတယ်။ လေ့ကျင့်ရေးပစ္စည်းတွေ Freddie Roach ကို ပေးခဲ့လိုက်တယ်။ Freddie Roach နဲ့ Manny Pacquiao အတွဲအဖက်က အထင်ကရပါ။ Manny Pacquiao အောင်မြင်လာတာ Freddie Roach ရဲ့ လမ်းညွှန်မှုတွေ အများကြီးပါတယ်။ ဖိလစ်ပိုင်ကြီးမှ မဟုတ်ပါဘူးလေ၊ Freddie Roach က Miguel Cotto ၊ Oscar De La Hoya နဲ့ Andy Ruiz အပါအဝင် ကမ္ဘာ့ချန်ပီယံ (၄၀) ကျော်ကို လေ့ကျင့်ပေးဖူးတယ်။ Mike Tyson ကိုလည်း လေ့ကျင့်ပေးဖူးတယ်။ အကျပိုင်းရောက်ချိန်မှ ဆုံကြတာပါ။ Amir Khan ဆိုရင် အရင်က တော်တော်ကောင်းတယ်။ Freddie Roach ဆီက ထွက်သွားလိုက်တာ ရှုံးပွဲဆက်ပြီး ပြန်ကျသွားတာပဲ။ Freddie Roach က Anderson Silva ၊ Dan Hardy နဲ့ GSP တို့ကိုတောင် လေ့ကျင့်ပေးဖူးတယ်။ ဟိုနှစ်ပိုင်းက Tony Ferguson ကြီးလည်း Freddie Roach ဆီမှာ လေ့ကျင့်နေတယ်။ သူလေ့ကျင့်ပေးတာ တော်တော်များပါတယ်။ အခုနောက်ပိုင်းမှာ Freddie Roach ရဲ့ ပါကင်ဆန်ရောဂါက ပိုဆိုးလာတယ်။ စကားပြောတာတောင် သိသာနေတယ်။ ပတ်ကိုင်ပေးရင် ဘယ်လိုနေမလဲ မပြောတတ်ဘူး။ ခေါင်းက စောင်းနေရော။ (၆၄) နှစ်တောင် ရှိပြီမို့ နည်းပြသက်တမ်းလည်း သိပ်မကျန်တော့ဘူးလို့ ယူဆပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Freddie Roach ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati