
Suriyanlek က သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးသွားပါတယ်။ အခုပွဲက ဝိတ်ကွာတာ ဟုတ်ပါတယ်။ (၄) ပေါင်လောက်ကွာတယ်။ ဒါပေမယ့် အခုလိုဖြစ်သွားတာက ဝိတ်ကြောင့်မဟုတ်ပါဘူး။ ဇကြောင့်ပါ။ အသည်းဇွဲဆိုတာ ဘာလဲဆိုတာ အဖြေထုတ်သွားတာပါ။ ပထမအချီမှာ သန့်ဇင်က အများကြီးသာတယ်။ ထိချက်ပိုကောင်းအောင်ထိုးနိုင်တယ်။ Suriyanlek က သန့်ဇင်ရဲ့ အောက်ခြေကန်ချက်တွေကို Check လုပ်ရပြီး ဘာမှအကွက်မဖော်နိုင်ဘူး။ အောက်ခြေကန်ချက်တွေကြောင့် Suriyanlek က ပိုအထိနာတယ်။ ဒုတိယအချီမှာ သန့်ဇင်က တိုက်စစ်ကို ဆက်ဖွင့်ထိုးတယ်။ ရှောင်ထိုးရင် ပိုကောင်းတယ်။ တကယ်ဆိုရင် ကိုယ့်ဘက်က အသာစီးပဲမလား။ Body Shot တွေ နှိုက်တာလည်း မနည်းဘူး။ Suriyanlek က ခြေကန်ချက်ထိပြီး မတ်တတ်ရပ်ဖို့တောင် မနည်းကြိုးစားနေရတယ်။ Suriyanlek က အတွေ့အကြုံပိုများပြီး ဇပိုပြင်းတာမို့ ရသလောက်ရုန်းသွားတာပါ။ အနာခံလို့ ရှေ့တက်ပြီး Right Overhand အပိုင်ထိုးတယ်။ သန့်ဇင်ကလည်း အောက်ခြေဆက်ကန်ပြီး ပွဲသိမ်းချင်တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အောက်ခြေကန်ချက်တွေက Suriyanlek ကို သိပ်မထိတော့ဘူး။ အားလွန်ပြီး လေထုကိုပဲ ကန်မိတယ်။ Suriyanlek ရဲ့ ညာတစ်လုံးအပိုင်ထိုးတာပါ။ ထိချက်မှန်သွားတော့ သန့်ဇင်က လဲကျသွားတယ်။ ဒီအချိန်မှာ သန့်ဇင်ရဲ့ မရင့်ကျက်မှုကို တွေ့လိုက်ရတယ်။ ကစားသမားလဲကျသွားရင် ကြိုးဝိုင်းဒိုင် Kitsada Phontue က အမှတ်စဉ်ရေမှာပဲ။ ဒါကို စောဒကတက်လို့မရဘူး။ ကြိုးဝိုင်းဒိုင် Kitsada Phontue က သူ့အလုပ်သူလုပ်တာပါ။ အဲဒါကို သန့်ဇင်က စောဒကတက်နေတယ်။ အမောဖြေဖို့ မစဉ်းစားဘူး။ နောက်ပိုင်းမှာ သန့်ဇင်ရဲ့ ကစားဟန်က Suriyanlek အကြိုက်ဖြစ်လာတယ်။ ရှေ့တက်လာပြီး အောက်ခြေကန်တာကို သဘောကျနေတာပါ။ Suriyanlek က ဝိုက်လက်သီးတွေ အပိုင်ထိုးတယ်။ သန့်ဇင်လည်း ဝိုက်လက်သီးထိပြီး ရူးကြောင်ကြောင်ဖြစ်သွားရတာပဲ။ ဒုတိယအကြိမ် အမှတ်စဉ်ရေခံရပြီးနောက်မှာ ဘာမှမလုပ်တတ်တော့ဘူး။ နောက်ပိုင်းစက္ကန့်တွေမှာ Suriyanlek က ဖိထိုးလာတယ်။ ခြေထောက်က နာနေပေမယ့် တစ်ချီအတွင်းမှာ သန့်ဇင်ကို အမှတ်စဉ် (၃) ကြိမ်ရေခံရအောင် ထိုးနိုင်ရင် အလဲထိုးနိုင်ပြီမလား။ ရှေ့အတင်းတက်ပြီး ခပ်ကြမ်းကြမ်းဖိထိုးတယ်။ သန့်ဇင်ကလည်း ရှောင်ကစားဖို့ မစဉ်းစားဘူး။ တတိယအကြိမ် အမှတ်စဉ်ရေခံရတဲ့အချိန်မှာ ကြိုးဝိုင်းဒိုင် Kitsada Phontue က ပွဲရပ်လိုက်ပါတယ်။ အခုပွဲမှာ သန့်ဇင်က ထိချက်သာပါတယ်။ ဒီထက်ရှင်းအောင်ရေးရရင် Suriyanlek က ပိုနာတယ်။ ဒါပေမယ့် အသည်းဇွဲက စကားပြောသွားတာပါ။ သန့်ဇင်က သားရဲစိတ်ဓာတ်မဟုတ်ဘဲ ဘူးကြက်စိတ်ဓာတ်ဖြစ်နေတယ်။ သာတုန်းကသာ ဖိထိုးပြီး အထိနာရင် ဆင်းပြေးတယ်။ ကြိုးဝိုင်းဒိုင် Kitsada Phontue ကို စောဒကတက်တာ မရင့်ကျက်တာပါ။ ဒါမျိုးကို ထွန်းမင်းနိုင်မှာလည်း တွေ့ရတတ်တယ်။ ဘူးကြက် သန့်ဇင်လည်း အားနည်းချက်တွေ ပြုပြင်နိုင်ပါစေ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati