
Aung La Nsang ကို လည်ပင်းညှစ်ပြီး ခါးပတ်ယူထားဖူးတဲ့ ပြည်သူ့အချစ်တော် နယ်သာလန်လောရှည် Reinier de Ridder က ကွန်ဖူးမင်းသားလေး Kevin Holland ကိုလည်း လည်ပင်းဆက်ညှစ်လို့ Rear Naked Choke Episode ကို အခန်းဆက်ကပြနေပါတယ်။ အခုချိန်မှာ Reinier de Ridder က ဒဏ်ရာကင်းစင်နေပြီး နောက်ပွဲအတွက် အဆင်သင့်ဖြစ်ပါပြီတဲ့။ "မစ်ဒယ်ဝိတ်တန်းက ထိပ်ပိုင်းဖိုက်တာတွေကိုလည်း ကျွန်တော်က အနိုင်ယူနိုင်ပါတယ်။ အနှေးနဲ့အမြန် ပွဲတည်ပေးဖို့ မျှော်လင့်ပါတယ်။ အသက်ရှူလိုက်တိုင်းမှာ ကျွန်တော်က တိုးတက်နေပါတယ်။ ကျွန်တော်က မစ်ဒယ်ဝိတ်တန်းမှာ ထိပ်ဆုံး (၅) ယောက်စာရင်းဝင်ချင်တယ်။ ခါးပတ်ရအောင်လည်း ကြိုးစားသွားမယ်" "ထိပ်တန်းဖြစ်ဖို့ဆိုရင် နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်က Khamzat Chimaev ကိုလည်း ကစားချင်ပါတယ်။ သူလည်း ပွဲမရသေးဘူးကြားတာပဲ။ ဘယ်သူက ပိုလုံးနိုင်မလဲ ကြည့်ကြတာပေါ့လေ။ Robert Whittaker ကိုလည်း ထိုးချင်ပါတယ်။ ပွဲကောင်းဖြစ်လာလိမ့်မယ်။ Nassourdine Imavov ကိုလည်း စိတ်ဝင်စားပါတယ်။ Israel Adesanya ကိုလည်း ကြိတ်ချင်တယ်" "Reinier de Ridder နဲ့ Khamzat Chimaev တွဲဆိုင်းက ယှဉ်လုံးကြမှာဖြစ်ပြီး Reinier de Ridder နဲ့ Israel Adesanya တွဲဆိုင်းက ယှဉ်ထိုးကြမှာပါ။ ကျွန်တော်က ဘယ်ပြိုင်ဘက်မဆို မငြင်းပါဘူး။ ကြိုက်တဲ့ပြိုင်ဘက် လာခဲ့ပါ" နောက်ဆုံးပြိုင်ဘက် Kevin Holland တောင် နောက်ပွဲရသွားပါပြီ။ Reinier de Ridder လည်း မကြာခင်မှာ ပွဲသတင်းကြားရလိမ့်မယ်။ သူလိုချင်တာက ထိပ်တန်းပြိုင်ဘက်ပါ။ ဒါပေမယ့် Dana White က အဆင့်ဆင့်တည်ပေးလိမ့်မယ်။ ခုန်ပျံကျော်လွှားလုပ်ပြီး ထိပ်တန်းပြိုင်ဘက်ကို တန်းတည်ပေးဖို့ မရှိလောက်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - MMA Junkie Radio Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati