
ကမ္ဘာ့အကောင်းဆုံးကြိုးဝိုင်းဒိုင်အဖြစ် သတ်မှတ်ခံထားရဖူးတဲ့ Marc Goddard က နာမည်ကျော်တွဲဆိုင်းတော်တော်များများကို တာဝန်ယူဖူးပါတယ်။ ကမ္ဘာ့ချန်ပီယံလုပွဲတွေအပြင် တခြားနာမည်ကြီးတွဲဆိုင်းတွေကိုလည်း ဖမ်းဖူးပါတယ်။ ပွဲရပ်တာစောတယ်လို့တောင် ဝေဖန်ခံထားရဖူးတာမလား။ ဒါပေမယ့် ကြိုးဝိုင်းဒိုင် Marc Goddard က Leon Edwards ပွဲကို ဘယ်တော့မှ တာဝန်မယူပါဘူးတဲ့။ ပြည်နယ်အားကစားကော်မရှင်ကိုရော UFC အဖွဲ့အစည်းကိုရော ဒီလိုပဲ တောင်းဆိုထားတယ်။ Leon Edwards နဲ့ Belal Muhammad တို့က မကျေပွဲကို မန်ချက်စတာမြို့မှာ ကစားကြပေမယ့် ဗြိတိန်နိုင်ငံမှာ Marc Goddard က အကောင်းဆုံးဒိုင်လူကြီးဖြစ်ပေမယ့် တာဝန်မယူပါဘူး။ Mike Beltran ပဲ ကြိုးဝိုင်းဒိုင်လုပ်သွားပါတယ်။ ပထမပွဲမှာလည်း Herb Dean ပဲ လုပ်ရတာပါ။ ဘာလို့လဲ။ အခုချိန်မှာ Leon Edwards ရဲ့ နည်းပြချုပ်က Dave Lovell ဆိုပေမယ့် လက်ဦးဆရာက Marc Goddard ပါတဲ့။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။ အဲဒီအချိန်မှာ Leon Edwards က အပျော်တမ်းအဆင့်ပဲ ရှိသေးတယ်။ Marc Goddard က အစစအရာရာသင်ပေးခဲ့တာတဲ့။ အဲဒီနောက်မှသာ Leon Edwards က တခြားနည်းပြတွေလက်ထဲကို ရောက်သွားတာပါ။ ဒါမျိုးတွေကို ရိုးရာလက်ဝှေ့မှာလည်း ကြုံခဲ့ဖူးပါတယ်။ တွေ့မရှောင်နဲ့ စောငမန်းပွဲကို ဦးဇမ္ဗူကျော်နဲ့ ဦးရေမြွေတို့လို နာမည်ကျော် ကြိုးဝိုင်ဒိုင်တွေက မဖမ်းဘဲ ဦးအောင်ပွဲမောင်က တာဝန်ယူသွားတယ်။ ဦးရေမြွေက တွေ့မရှောင်ရဲ့ နည်းပြဖြစ်ခဲ့ဖူးသလို ဦးဇမ္ဗူကျော်ကလည်း စောငမန်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့အတွက် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ဦးအောင်ပွဲမောင်ကိုပဲ တာဝန်ပေးတာပါတဲ့။ ကြိုးဝိုင်းဒိုင် Marc Goddard ကလည်း ပရိသတ်တွေ သံသယကင်းအောင် Leon Edwards ပွဲကို တာဝန်မယူခဲ့တာပါတဲ့။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati