
လာမယ့်အောက်တိုဘာလ (၂၈) ရက်နေ့မှာ ရွေးချယ်မယ့် ၂၀၂၄ခုနှစ် Ball on d’Or ဆုရှင်အတွက် ဆန်ကာတင် အယောက်(၃၀)စာရင်းကို ထုတ်ပြန်ကြေငြာပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား Rodrygo တစ်ယောက်ကတော့ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ Rodrygo ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၁၇)ဂိုးနဲ့ ဂိုးဖန်တီးမှု(၉)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့် Ballon d’Or ဆန်ကာတင်စာရင်းမှာ Rodrygo ကို ချန်လှပ်ထားခဲ့မှုဟာ လူပြောစရာဖြစ်နေတာလဲဖြစ်ပါတယ်။ အခြားရီးရဲလ်အသင်းဖော်တွေဖြစ်တဲ့ Vinicius Junior, Jude Bellingham, Dani Carvajal, Federico Valverde, Antonio Rudiger နဲ့ ဒီရာသီမှ အသင်းပြောင်းလာ တဲ့ Kylian Mbappe တို့ကတော့ ဆန်ကာတင်အယောက်(၃၀)မှာ ပါဝင်လာခဲ့တဲ့အပြင် ကစားသမားဘဝက အနားယူသွားတဲ့ Toni Kroos ကိုလဲ ရွေးချယ်ထားတာတွေ့ရပါတယ်။ “ဒီအရာတွေ (ဒီကစားသမားတွေ) ကို ရွေးချယ်တာ ကျွန်တော်မဟုတ်တဲ့အတွက် ဒီအချိန်မှာ ကျွန်တော်ဘာမှမလုပ်နိုင်ဘူး။ ဒါပေမယ့် ဒီစာရင်းမှာ ကျွန်တော်က အဆင့်(၃၀)လောက် ချိတ်မယ်လို့ ထင်ခဲ့တာဗျ။ ဒီအတွက်လဲ ထိုက်တန်တယ်လို့ ကျွန်တော့်ကိုကျွန်တော် ယုံကြည်တယ်လေ။ ဒါပေမယ့် အခုလို ကျန်တော့်နာမည်မပါလာတော့ သိပ်မကျေနပ်ဘူးပေါ့ဗျာ” လို့ ESPN သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသက်(၂၃)နှစ်ပဲရှိသေးတဲ့ Rodrydo ဟာ မနှစ်ကဘောလုံးရာသီမှာ ဂိုးကန်သွင်းချက် စတုတ္ထအများဆုံးကစားသမားအဖြစ်လဲ စံချိန်တင်ထားခဲ့သလို အသင်းဖော်တွေအတွက် တိုက်စစ်လမ်းကြောင်းပုံဖော်မှု အကြိမ်(၈၀)ထက်မနည်း ပြုလုပ်ပေးခဲ့တဲ့ ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati