
လျှပ်တစ်ပြက်ခြေစွမ်းနဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ စပါး စပါး ၄- ၃ မန်ယူ (ကာရာဘောင်ဖလား) (ဂိုးအပေါ်ရွေးချယ်မှုအောင်မြင်ခဲ့) စပါးနည်းပြပိုစတီကိုဂလူရဲ့အလုပ်ဟာ ဝန်ကြီးချုပ်ထက်တောင် ပိုခက်ခဲသေးပုံရတာကို မျက်မြင်သက်သေထူ သွားတဲ့ပွဲဖြစ်ခဲ့ပါတယ်။ သူ့ကစားသမားတွေဟာ လျှပ်တစ်ပြက်ဆန်လွန်းတဲ့ညမှာ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြသွားခဲ့ပြီး ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ မန်ယူကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာပါပဲ။ စပါးအနေနဲ့ ဒီနှစ်ဖလားလက်မဲ့နဲ့ရာသီသိမ်းရမယ့်အဖြစ်ကို ဆုံးခန်းတိုင်ဖို့ နီးသထက်နီးလာနေပါပြီ။ စပါးဟာ ပွဲချိန် ၅၄ မိနစ်ကစားပြီး ၃ဂိုးပြတ်နဲ့ မန်ယူကို ဦးဆောင်နေခဲ့ပြီး မန်ယူဘက် ကချေပဂိုးနှစ်ဂိုးပြန်သွင်းခဲ့ပြီး ၈၈ မိနစ်မှာ စပါးဘက်က လေးဂိုးမြောက်ရရှိခဲ့ပါတယ်။ မန်ယူကတော့ မိနစ် ၉၀+၄ မှာ သုံးဂိုးမြောက်ရခဲ့ပါတယ်။ မန်ယူဘက် ရက်ရှ်ဖို့ဒ် ပြန်ကစားခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။ ဂိုးသွင်းသူများ - စပါး(ဆိုလန်ကီ ၁၅၊ ၅၄/ကိုလူဆက်စကီး ၄၆/ဆွမ်ဟောင်မင်း ၈၈) မန်ယူ (ဇက်စကီး ၆၃/ဒိုင်ယာလို ၇၀/ ဂျွန်နီအီဗန် ၉၄ ဆယ်ကျော်သက်တစ်ဦးရဲ့ ပထမပိုင်းဟက်ထရစ်ဂိုးနဲ့ ချဲလ်ဆီးဂိုးမိုးရွာခဲ့ ချဲလ်ဆီး ၅ - ၁ ရှမ်းရော့ဗ်ရိုဗာ (ကွန်းဖရန့်လိဂ်) (ဂိုးအပေါ်ရွေးချယ်မှုအောင်မြင်ခဲ့) ချဲလ်ဆီးကတော့ ဒီရာသီ ခြောက်ပွဲနိုင်ပြီး ဥရောပမြေအပြစ်အနာအဆာမဲ့တဲ့မှတ်တမ်းကို ဆက်လက်ထိန်းသိမ်း သွားပါတယ်။ ခုဆိုရင် ချဲလ်ဆီးဟာ ယူရိုပါကွန်းဖရန့်လိဂ်မှာပွဲခြောက်ပွဲကစားပြီး သွင်းဂိုးက ၂၆ ဂိုးရှိသွားတယ်။ ချဲလ်ဆီးရဲ့ အသက် ၁၈ နှစ်သားတိုက်စစ်မှူး Marc Guiu က ပထမပိုင်းမှာတင် ဟက်ထရစ်ဂိုးသွင်းခဲ့တာပါ။ ဒီ ကောင်လေးဟာ ဘာစီလိုနာကနေ နွေတုန်းက ပေါင် ၅သန်းနဲ့ ချဲလ်ဆီးရောက်လာခဲ့သူပါ။ သူ့ရှေ့မှာ တိုက်စစ်မှူး တွေအဖြစ် ချဲလ်ဆီးကို နီကိုးလပ်စ်ဂျက်ဆင်နဲ့ အန်ကွန်ကူတို့ ကြိုတင်ရောက်နေခဲ့ကြပေမယ့် ဒီနေ့ပွဲမှာတော့ အားလုံးရဲ့မျက်လုံးကို ဖမ်းစားနိုင်ခဲ့တာ Marc Guiu ဖြစ်ခဲ့တယ်။ ဂိုးသွင်းသူများ - ချဲလ်ဆီး (Marc Guiu ၂၂၊ ၃၄၊ ၄၅+၃/’ ဒူးစ်ဘယ်ရီဟော ၄၀၊ ကူကူရယ်လာ ၅၈) - ရှမ်းရော့ရိုဗာ (မားကပ်စ်ပွန်း ၂၆)
© COPYRIGHTS 2024 by illuminati