
ဒီနေ့ညမှာ နေးရှင်းလိဂ်ပွဲကြီးပွဲကောင်းနှစ်ပွဲရှိပါတယ်။ အင်္ဂလန်နဲ့အိုင်ယာလန်၊ အီတလီနဲ့ပြင်သစ်အသင်းတို့ပွဲစဉ် ပါပဲ။ ဒီနှစ်ပွဲအတွက် ပွဲကြိုသုံးသပ်ချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။ အင်္ဂလန်နဲ့ အိုင်ယာလန် ယူရိုဗိုလ်လုပွဲမှာ စပိန်ကိုရှုံးပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြဆောက်ဂိတ်ကို ရာထူးကနေထုတ်ခဲ့ပါတယ်။ ကမ္ဘာမှာအကောင်းဆုံးတိုက်စစ်အသင်းတွေထဲကတစ်သင်းဖြစ်နေပေမယ့် ဆောက်ဂိတ်ဟာ အင်္ဂလန်ကို ခံစစ်အား ပြုကစားခိုင်းခဲ့တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြတယ်။ဒါပေမဲ့ နည်းပြအဖွဲ့အပြောင်းအလဲလုပ် ပြီးတဲ့နောက် အင်္ဂလန်ဟာ ကစားပုံပိုကောင်းလာခဲ့တယ်။ ငါးပွဲမှာ လေးပွဲနိုင်ခဲ့တာတွေ့ရပါတယ်။ ဆောက်ဂိတ်လက်ထက်တုန်းက အဲဒီလိုရလဒ်မျိုးတွေ့ရခဲယဉ်းခဲ့ပါ တယ်။ နေးရှင်းလိဂ်ငါးပွဲမှာ အိုင်ယာလန်ဟာ ဖင်လန်နဲ့တစ်ပွဲပဲနိုင်ထားတယ်။ အင်္ဂလန်၊ ဂရိ(နှစ်ကြိမ်)တို့နဲ့ပွဲတွေမှာ သုံး ပွဲစလုံးရှုံးထားတယ်။ ၂-၀ရလဒ်တွေချည်းရှုံးခဲ့တာ။ အဝေးကွင်းမှာ အိုင်ယာလန်ခြေကလည်း သိပ်ဆိုးပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံးကိုးပွဲမှာ ခြောက်ပွဲရှုံးထားတဲ့ခြေ။ ခြေစွမ်းကောင်းခဲ့တဲ့ပွဲဆိုလို့ မော်လ်တာ၊ ဂျီဘရော့တာ၊ ဖင် လန်တို့နဲ့ပွဲပဲရှိခဲ့ပါတယ်။ ဆိုတော့ နှစ်သင်းလွန်ခဲ့တဲ့နှစ်လအတွင်း ထိပ်တိုက်တွေ့တော့အဝေးကွင်းမှာ အင်္ဂလန်က ပွဲကိုအသာစီးယူပြီးနှစ် ဂိုးပြတ်နဲ့နိုင်ခဲ့တယ်။ ဒီအချက်အလက်တွေနဲ့ လက်ရှိစိတ်ဓာတ်ပိုင်းပိုမြင့်မားနေတဲ့အင်္ဂလန်တို့ ဝင်ဘလေကွင်းမှာ သက်သောင့်သက်သာအနိုင်ယူသွားမယ်ထင်ပါတယ်။ အီတလီနဲ့ ပြင်သစ် လာမယ့်နှစ်အတွင်း နိုင်ငံအသင်းသမိုင်းမှာ ပိုလှပတဲ့စာမျက်နှာသစ်တွေကို ရေးထိုးဖို့အဆင်သင့်ဖြစ်နေတဲ့ သွေး သစ်ကစားသမားတွေနဲ့ အီတလီဟာ ယုံကြည်မှုပြည့်၀လို့နေတယ်။ ဒီပွဲက သွင်းဂိုးတွေနည်းပြီး ပွဲကြပ်တစ်ပွဲဖြစ် လာနိုင်ပါတယ်။ ပြင်သစ်မှာကလည်း အဓိကတိုက်စစ်ကစားသမားအနည်းငယ် မပါဝင်နိုင်လို့ အခုပွဲသိပ်ထင်ပေါ် လာဖို့မရှိပါဘူး။ အထူးသဖြင့် အီတလီအိမ်ကွင်းဆို ပြိုင်ဘက်တွေ နိုင်ဖို့ခက်ခဲတယ်။ အီတလီက ခိုင်မာတဲ့ခံစစ်ကို သိပ်အားပြုကစားလွန်းလို့ပဲ။ ခြုံပြီးကြည့်ရင် အီတလီက အစွန်းတစ်ဖက်လေးထွက်သာနေပုံပါပဲ၊ ဒီတော့ အိမ်ရှင်ပရိသတ်ရှေ့မှောက်မှာ အီတလီကိုပဲ အားပေးသင့်ပါတယ်။
© COPYRIGHTS 2024 by illuminati