
ရီးရဲလ်တိုက်စစ်ကစားသမား Mbappe ဟာ အလာဗက်စ်နဲ့ပွဲမှာ ရခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာကနေ အလျင်အမြန်သက်သာလာခဲ့တာကြောင့် လိုင်လီအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ အစောပိုင်းဆေးစစ်ချက်တွေအရ Mbappe ဟာ အနည်းဆုံးနှစ်ပတ်လောက် ထပ်အနားယူရမှာဖြစ်ပေမဲ့ ချန်ပီယံလိဂ်အတွက် နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်မှာတော့ ဒဏ်ရာဟာ အလျင်အမြန် သက်သာပျောက်ကင်းနေလို့ လိုင်လီနဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့ ရာခိုင်နှုန်းများလာတာလဲဖြစ်ပါတယ်။ Mbappe ဟာ လောလောလတ်လတ်မှာပဲ မြို့ခံပြိုင်ဖက် အက်သလက်တီကိုနဲ့ သရေကျခဲ့တဲ့ပွဲကို လွဲချော်ထားခဲ့တာဖြစ်လို့ လာမယ့် ချန်ပီယံလိဂ်ပွဲအတွက်တော့ ကောင်းမွန်တဲ့ ခံစားချက်တွေ ရရှိနေတယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။ လိုင်လီအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်အသင်းလူစာရင်းဟာ အင်္ဂါနေ့မာ ပြုလုပ်မယ့် အသင်းလေ့ကျင့်ခန်းအပြီးမှာ ထုတ်ပြန်ကြေညာသွားမယ်လို့လဲ သိထားရပါတယ်။
© COPYRIGHTS 2024 by illuminati