
လီဗာပူးလ်နည်းပြ Arne Slot ဟာ စနေနေ့မှာ ကစားမယ့် ဘုန်းမောက်အသင်းနဲ့ပွဲစဉ်ကို ဘရာဇီးလ်လက်ရွေးစင်လဲဖြစ်တဲ့ ဂိုးသမား Alisson မပါပဲ ကစားရနိုင်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ Alisson ဟာ ဆန်စီရိုကွင်းကြီးထဲ အေစီမီလန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အတွက် ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပေမယ့် ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာတော့ လာရောက်ပူးပေါင်းခြင်းမရှိခဲ့တာလဲ ဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ နည်းပြ Arne Slot က Alisson ဟာ ကြွက်သားနာကျင်မှုဒဏ်ရာမျိုး ခံစားနေရကြောင်း၊ အဆိုပါဒဏ်ရာကို အေစီနဲ့ပွဲမှာ ရခဲ့တာမဟုတ်ပဲ အဲ့မတိုင်ခင်တည်းက ခံစားနေရတာဖြစ်ကြောင်း ပြောကြားသွားခဲ့ပြီး Alisson ဘယ်ချိန်ပြန်ကစားနိုင်မလဲဆိုတဲ့ မေးခွန်းအတွက် ရက်အနည်းငယ်စောင့်ကြည့်ရမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ပွဲစဉ်ကို ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ Harvey Elliott လဲ လွဲချော်မယ်လို့ သိရပါတယ်။
© COPYRIGHTS 2024 by illuminati