
- အာဆင်နယ်အသင်းဟာ တောင်ပံကစားသမားဘူခါယိုဆာခါ တံကောက်ကြောဒဏ်ရာရသွားလို့ မတ်လ အထိအနားယူသွားရနိုင်တဲ့အခြေအနေအတွက် စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဆာခါက ခရစ္စတယ်ပဲ့ လေ့စ်အသင်းကို ၅-၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တာပါ။ ပွဲကစားချိန်ပထ မပိုင်းမှာတင် ဒဏ်ရာရသွားခဲ့လို့ ဆာခါအနေနဲ့ သီတင်းပတ်ပေါင်းများစွာကြာ နားရနိုင်တယ်လို့တော့ အ သင်းနည်းပြအာတီတာက အတည်ပြုထားပါတယ်။ - နည်းပြအေမိုရင်နေရာကို အစားထိုးခန့်အပ်ခဲ့တဲ့ ဂျိုအာအိုပရဲရာကို စပို့တင်းလစ္စဘွန်းအသင်းဟာ တစ် လပဲတာဝန်ယူခိုင်းပြီး ရာထူးကနေ ထုတ်ပယ်ပါတော့မယ်။ အေမိုရင် မန်ယူကို ထွက်သွားပြီးနောက်မှာ စပို့တင်းက ပေါ်တူဂီလက်ရွေးစင်ဟောင်းပရဲရာကို ခန့်အပ်ခဲ့တာပါ။ အရင်က စပို့တင်းအရန်အသင်းကို တာဝန်ယူခဲ့ဖူးတဲ့ ပရဲရာဟာ နိုဝင်ဘာ ၁၁ မှာ အသင်းကြီးကို တာဝန်ယူခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ကနဦး လေးပွဲမှာ တစ်ပွဲပဲအနိုင်ရအောင် စွမ်းဆောင်နိုင်လို့ စပို့တင်းက ပရဲရာကိုလည်း ရာထူးကနေ ထုတ်ဦး မယ်ဆိုပြီး သတင်းထွက်နေပါတယ်။ - နာမည်ပျက်နေတဲ့ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင် ဒေးဗစ်ကိုတီဟာ ဒိုင်အဖွဲ့ချုပ်ရဲ့တာဝန်မှရပ်စဲမှုပြစ် ဒဏ်ကို အယူခံဝင်မှာမဟုတ်ဘူးလို့ သိရပါတယ။် ဒေးဗစ်ကိုတီဟာ တရားမဝင်ပေါက်ကြားလာခဲ့တဲ့ ဗီ ဒီယိုဖိုင်နှစ်ခုမှာ လီဗာပူးနည်းပြဟောင်းဂျာဂန်ကလော့ပ်ကို ပုပ်ခတ်စော်ကားတဲ့စကားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒိုင်အဖွဲ့ချုပ်ကနေ ဒီလအစောပိုင်းက ပရီးမီးယားလိဂ်ဒိုင်အဖြစ်မှ ဒေးဗစ်ကိုတီကို ထုတ်ပယ်ပစ်လိုက်တာပါ။ ယူရိုပြိုင်ပွဲကျင်းပနေတုန်းကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုလို့ သိရပါတယ်။ - စပါးအသင်းအနေနဲ့ လက်ရှိကစားဟန်ကို ပြောင်းလဲသင့်ပြီး လီဗာပူးကို ၆-၃ဂိုးနဲ့ရှုံးခဲ့ပွဲကနေ သင်ခန်းစာ ယူရမယ်လို့ ကစားဖော်တွေကို အသင်းကြယ်ပွင့်ကစားသမား ဒီဂျန်ကူလူဆက်စကီးက တိုက်တွန်းလိုက် ပါတယ်။ နည်းပြပိုစတီကိုဂလူရဲ့စပါးဟာ ကာရာဘောင်ဖလားမှာ မန်ယူကို နိုင်ခဲ့ပြီး ရက်ပိုင်းလေးအကြာမှာ လီဗာပူးကို ရှုံးခဲ့တာဖြစ်လို့ အသင်းရဲ့ဆိုးရွားလှတဲ့ခြေစွမ်းမငြိမ်မှုကို ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ကူလူဆက်စကီးကတော့ သူ့တာဝန်သူကျေပွန်စွာပဲ လီဗာပူးနဲ့ပွဲမှာ ဂိုးသွင်းခဲ့ပါတယ်။ - ဒတ်ချ်မော်ဒယ်တစ်ဦးဖြစ်တဲ့ လော်ရာဆီလီယာဗော့လ်က သူမဟာ အပျိုဖြစ်ပြီး ရီးယဲလ်ကြယ်ပွင့် ဂျု့ ဘယ်လင်ဟမ်နဲ့ ငြိစွန်းမှုမရှိဘူးလို့ အတည်ပြုပြောလိုက်ပါတယ်။ သတင်းတွေထဲမှာတော့ ဆီလီယာဗော့လ်နဲ့ ဘယ်လင်ဟမ်တို့ ကျိတ်ပုန်းခုတ်နေကြတယ်ဆိုပြီး ပလူပျံနေပါတယ်။ ဒီစုံတွဲတပူးတွဲတွဲအတူ တူဆိုပြီး အတော်များများကယူဆနေကြစဉ်မှာပဲ ဆီလီယာ ဗော့လ်ဘက်ကနေ အခုလို ရှင်းလင်းအတည်ပြုပြောလိုက်ရတော့တာပါပဲ။
© COPYRIGHTS 2024 by illuminati