
လာမယ့်နှစ်နွေရာသီမှာ လေဗာကူဆင်အသင်းကြယ်ပွင့်ကစားသမား ဖလိုရီယန်ဝစ်ဇ်ကို မန်စီးတီးအသင်းက ခေါ်ယူရေးအတွက် အားတက်စရာအခြေအနေရှိလာပြီလို့ သိရပါတယ်။ တခြားကြောင့်မဟုတ်ပ်ါဘူး။ ဖလိုရီ ယန်ဝစ်ဇ်အပေါ် ကမ်းလှမ်းချက်တွေနဲ့ပတ်သက်ပြီး တားမြစ်ပိတ်ပင်ဖို့ရာ ခက်ခဲတယ်လို့ လေဗာကူဆင်အသင်းစီအီးအိုက ထုတ်ဖော်ပြောလိုက်တဲ့အတွက်ကြောင့်ပါပဲ။ အသက် ၂၁ နှစ် ဖလိုရီယန်ဝစ်ဇ်ကို ကမ္ဘာဘောလုံးလောကမှာ အလားအလာအရှိဆုံးလူငယ်ပါရမီရှင်ကစားသမားတွေအနက်တစ်ဦးလို့ သတ်မှတ်ထားကြပါတယ်။ မနှစ်ကရာသီမှာ ဖလိုရီယန်ဝစ်ဇ်ဟာ လေဗာကူဆင်အသင်းကို ကလပ်သမိုင်းပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါဖလားရအောင် ကူညီပေးခဲ့တယ်။ ၂၀၂၃-၂၄ရာသီတုန်းကလည်း လေဗာကူဆင်အတွက် ပြိုင်ပွဲစုံစုစုပေါင်း ၄၃ပွဲ ကစားပေးခဲ့ကာ အသင်းကို ဂျာမန်ပိုကယ်ဖလားရအောင်ပါ စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒီရာသီမှာလည်း ဖလိုရီယန်ဝစ်ဇ်ဟာ ဘိုင်ယန်မြူးနစ်နဲ့လေးမှတ်ကွာပြီး ဒုတိယရပ်တည်နေတဲ့ လေဗာကူဆင်အတွက် လိဂ် ၁၃ပွဲ ကစားပြီး ၁၄ ဂိုးသွင်းပေးထားပါတယ်။ ဖလိုရီယန်ဝစ်ဇ်ရဲ့ခြေစွမ်းကောင်းပုံစံကြောင့် ဥရောပနာမည်ကြီးအသင်းအတော်များများက စိတ်ဝင်စားလာနေကြပြီးအဲဒီထဲကမှာ အထူးခြားဆုံးက မန်စီးတီးနည်းပြဂွါဒီယိုလာပါပဲ။ ဒါကြောင့်လည်း မန်စီးတီးလို ကြွယ်၀မှုမြင့်မားတဲ့အသင်းပါဝင်လာလို့ လေဗာကူဆင်ဘက်က ပေါင် ၁၂၄သန်းတန်သတ်မှတ်ထားတဲ့ ဖလိုရီယန်ဝစ်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ပြန်စဉ်းစားဖို့တောင် ဖြစ်လာနေပြီလို့ သတင်းတွေက တင်ပြထားပါတယ်။ ဝစ်ဇ်နဲ့ပတ်သက်ပြီး လေဗာကူဆင်စီအီးအိုဖြစ်သူကတော့ စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုမရသေးဘူးလို့ အတိ အလင်းပြောလာတယ်။ ‘(စာချုပ်သစ်ချုပ်ဖြစ်တာ) အမှန်ဆိုရင်တော့ ကျနော် ပျော်ရမှာပေါ့။ ကလပ်ဘက်ကအ နည်းဆုံးသူ့ကို ၂၀၂၆ကမ္ဘာ့ဖလားမတိုင်ခင်အထိ အသင်းမှာ ဆက်ရှိစေချင်တာပါ။ ဒါကြောင့် စာချုပ်သစ်ကိစ္စက အရေးကြီးတယ်။ (တခြားအသင်းကမ်းလှမ်းချက်များကို တားမြစ်ဖို့) ဒီလိုလုပ်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ အရိုးသားဆုံးပြောရတာပါ။ တားဖို့တော့ မဖြစ်နိုင်ဘူး။ ဒီလိုမျိုးလည်း မဖြစ်ချင်ဘူး”လို့ ပြောသွားပါတယ်။
© COPYRIGHTS 2024 by illuminati