
ဖူလ်ဟမ်ကို ရှုံးပြီး အက်ဖ်အေဖလားကနေ ထွက်လိုက်ရပြီးတဲ့နောက် မန်ယူအသင်းနည်းပြအမိုရင်က မန်ယူအသင်းအတွက် အင်္ဂလိပ်ဘောလုံးလောကကို ပြန်လည်စိုးမိုးဖို့ အလွယ်လေးပဲလို့ တွေးရလောက်တဲ့အထိ မရိုးအတဲ့အကြောင်း ဝေဖန်သူဝိန်းရွန် နေးကို ပြန်တုံ့ပြန်ပြောကြားလိုက်ပါတယ်။ ဖူလ်ဟမ်ကိုရှုံးလိုက်ပြီးနောက် မန်ယူနည်းပြအမိုရင်အနေနဲ့ ၂၀၂၈မှာ ဖလားရရှိရေး စီမံကိန်း၂၁စတင်နေပြီဖြစ်တဲ့ အသင်းအတွက် အဓိကရည်မှန်းချက်တွေထဲက တစ်ခုကို ဆုံးရှုံးလိုက်ရတယ်။ 'ပွဲတွေရှုံးနေပြီး ဒီရာသီဖလားတွေ လက်လွှတ်နေရတာ ကျနော်သိပါ တယ်။ ဒါပေမဲ့ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလားရဖို့ပဲ။ ဘယ်လောက်အချိန်ကြာမလဲမသိပေမယ့် ဒါက ကျနော်တို့ရဲ့ပန်းတိုင်ပါ။ ဒီလိုပွဲတွေရှုံးလို့ ဒုက္ခတွေ့နိုင်တယ်လို့ ထင်ရပေမယ့် ကျနော်တို့မှာ ပန်းတိုင်ရှိတယ်၊ ဘာပဲဖြစ်နေနေ အဲဒီအတိုင်းရှေ့ဆက်သွား မှာပါ' လို့ အမိုရင်က ပြောကြားခဲ့ပါတယ်။ ဘီဘီစီအတွက် ဘောလုံးရေးရာသုံးသပ်သူတစ်ဦးအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ အလုပ်လုပ်နေတဲ့ ရွန်းနေးကတော့ လက်ရှိအမှတ် ပေးဇယားအဆင့် ၁၄ ရပ်တည်ချိန်မှာ အဲဒီလိုပျင်းရိစရာထုတ်ပြောနေတဲ့ အေမိုရင်ဟာ ရိုးအတယ်လို့ ပြောသွားတယ်။ 'ပရီးမီး ယားလိဂ်ဖလားရဖို့ ရည်မှန်းထားတယ်လို့ ပြောတာက နည်းနည်းရိုးအသလိုပါပဲ၊ အကြောင်းက အခုကိုယ်ရောက်နေတဲ့နေရာက နေကြည့်ရင် အဲဒီလိုဖြစ်ဖို့ အဝေးကြီးပဲ။ ပရီးမီးယားလိဂ်ဖလား ယူမယ်လို့ သူပြောတယ်။ ဒါပေမဲ့ ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ။ ဖြစ်သင့်တဲ့ပန်းတိုင်က အမှတ်ပေးဇယားမှာ အဆင့်ထပ်တက်လာဖို့ပါပဲ"လို့ ရွန်းနေက ပြောပါတယ်။ ဒါကြောင့် အမိုရင်က ဘောလုံးပွဲရေ။ရာသုံးသပ်သူတစ်ဦးလုပ်ရတာ တကယ်တော့ သိပ်လွယ်ပါတယ် ဆိုပြီး ရွန်နေးရဲ့မှတ်ချက်စ ကားကို တုံ့ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ++++++++++++++++++++++++ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati