
ကနေ့ညမှာတော့ မြန်မာပြည်ဘောလုံးပရိသတ်အများစုရဲ့ အကြိုက်ဆုံးဖြစ်တဲ့ မန်ယူအသင်းရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တစ်ပွဲကစားဖို့ရှိပါတယ်။ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ မန်ယူဟာ ဒီရာသီခြေစွမ်းညံ့နေတဲ့ လက်စတာအသင်းကို ဧည့်ခံကစားရမှာပါ။ ဒီအတွက် ပွဲခန့်မှန်းချက်ကို ရေးသားပေးလိုက်ပါတယ်။ မန်ယူ vs လက်စတာ (အိမ် ၁-၁၀၀/၃-၁၀၀) အက်ဖ်အေဖလား ည ၂ နာရီခွဲ အိုးလ်ထရက်ဖို့ဒ်ကွင်း တတိယအဆင့်တုန်းက မန်ယူဟာ အာဆင်နယ်နဲ့ ၁-၁ သရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဒီအဆင့်ကို တက်လှမ်းလာခဲ့တယ်။ မန်ယူအတွက် တစ်လုံးတည်းသောဂိုးကိုတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က သွင်းယူပေးခဲ့ပါတယ်။ တစ်ဖက်မှာ လက်စတာကတော့ မြောက်လန်ဒန်ကလပ် ဝက်စ်ဟမ်းကို အနိုင်ယူပြီး ဒီအဆင့်ရောက်လာခဲ့တာ။ ရွေးချယ်မှု - မန်ယူနဲ့ ဂိုးအပေါ် မန်ယူဟာ လက်စတာနဲ့ အိမ်ကွင်းနောက်ဆုံးသုံးပွဲဆက်တွေ့ခဲ့ရာမှာ ဂိုးပြတ်တွေနဲ့အောင်ပွဲခံပြီး ကြေးပါအောင် မြင်ထားခဲ့ပါတယ်။ လက်ရှိမှာ လက်စတာခြေစွမ်းညံ့နေပြီး အဝေးကွင်းနောက်ဆုံး၁၀ပွဲမှာ ခုနှစ်ပွဲရှုံးထားတဲ့အထိ ညံ့ဖျင်းလွန်းနေတာမို့ ဒီနေ့ပွဲ မန်ယူအနိုင်ယူပြီး ကြေးအောင်နိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း မန်ယူရဲ့ခံစစ်ဟာ သိပ်အားနည်းလွန်းခဲ့တာတွေ့ရတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲမှာ ၈ပွဲက ပြိုင်ဘက်ဂိုးသွင်းတာကို မတားဆီးနိုင်ခဲ့ဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ မှာတော့ မန်ယူတိုက်စစ်က အနည်းဆုံး တစ်ဂိုးတော့သွင်းထားနိုင်ပါတယ်။ လက်စတာကတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ခြေစွမ်းတက်ရိပ်ပြခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာ ၂ပွဲနိုင် ထားတယ်။ ဒါပေမဲ့ အဲဒီ ၅ပွဲမှာ ၃ ပွဲက လက်စတာတိုက်စစ်အလုပ်မဖြစ်ဘဲ ဂိုးမသွင်းနိုင်ပါဘူး။ ဒါပေမဲ့ အဝေး ကွင်းနောက်ဆုံး ၄ ပွဲကို ပြန်ကြည့်လိုက်ရင် ပြိုင်ဘက်ဂိုးပေါက်ကို လေးကြိမ်မှာ သုံးကြိမ်ဂိုးသွင်းထားတာကို တွေ့ရမယ်။ မန်ယူကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ၅ပွဲဆက်တိုက် ဂိုးပေးထားရတဲ့အသင်း၊ ဒါကြောင့် လက်စ တာဘက်ကလည်း ဂိုးပြန်သွင်းမယ်ထင်ရတာမို့ နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးအပေါ်ဝင်သွားနိုင်တယ်။
© COPYRIGHTS 2024 by illuminati