
ကော့စ်တာရီကာ ကလပ်တစ်ခုဖြစ်သော Liga Deportiva Alajuelense အသင်းဟာ FIFA ရဲ့ Club World Cup စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး အားကစားခုံရုံးဖြစ်တဲ့ CAS ကို ဒီနေ့ပဲ တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ Alajuelense အသင်းရဲ့ အဆိုအရ မက္ကဆီကိုကလပ်တွေဖြစ်တဲ့ လီယွန် နဲ့ ပါချူကာ အသင်းတွေကို ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ပြုနေတာက Mulit club ownership ဆိုင်ရာ စည်းမျဥ်းကို ချိုးဖောက်နေတယ်လို ဆိုပါတယ်။ Alajuelense အသင်းဘက်က လီယွန်နဲ့ ပါချူကာ အသင်းတွေဟာ ပိုင်ရှင်တစ်ဦးတည်းပိုင်တဲ့ အသင်းတွေဖြစ်တယ်လို့ သက်သေပြခဲ့ပြီး CAS ရဲ့ ဆုံးဖြတ်ချက်ကို ၂၀၂၅ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံး စီရင်ချက်ချပေးဖို တောင်းဆိုသွားခဲ့တာဖြစ်ပါတယ်။ ကော်စတာရီကာ ချန်ပီယံ ၃၀ ကြိမ်ရရှိထားတဲ့ Alajuelense အသင်းကတော့ သူတိုအသင်းဟာ မြောက်အမေရိက၊ ဗဟိုအမေရိက နဲ့ ကာရစ်ဘီယံ ဘောလုံးအဖွဲချုပ် (Concacaf) တိုရဲ့ ကလပ်အဆင့်သတ်မှတ်ချက်တွေအရ လီယွန် ဒါမှမဟုတ် ပါချူစာအသင်းနှစ်သင်းထဲက တစ်သင်းနေရာမှာ အစားထိုးပါဝင်သင့်တယ်လိုလည်း ဆိုပါတယ်။ CAS ဘက်ကတော့ Alajuelense ရဲ့ တိုင်ကြားမှုကို လက်ခံရရှိပြီး "တရားစီရင်ရေးလုပ်ငန်းစဉ်ကို စတင်နေပြီ" လို့ BBC Sport ကို ထုတ်ပြန်ချက်တစ်ခုပေးပိုခဲ့ပါတယ်။ BBC Sport ဘက်က FIFA ဆီကို ဒီကိစ္စနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ဆက်သွယ်မေးမြန်းခဲ့တယ်လို ဆိုပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုကလပ် ၃ ခုဖြစ်တဲ့ လီယွန်၊ ပါချူကာ နဲ့ မွန်တာရီအသင်းတွေပါဝင်ခွင့်ရထားတာလည်း ဖြစ်ပါတယ်။ Pachuca Group ကပိုင်ဆိုင်ထားတဲ့ လီယွန်နဲ့ ပါချူကာ အသင်းတွေကတော့ FIFA ရဲ့ Club World Cup စည်းမျဉ်းတွေကို လိုက်နာနိုင်ဖို လီယွန်အသင်းရဲ့ ရှယ်ယာအများစုကို ရှောင်းချဖို ပြင်ဆင်နေတယ်လို ပိုင်ရှင် Jesus Martinez က ၂၀၂၃ ခုနှစ်ကတည်းက ပြောကြားထားခဲ့ပါတယ်။ 2025 Club World Cup ပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင် ၁၃ ရက်အတွင်း ကျင်းပမှာဖြစ်ပါတယ်။ ရေးသားသူ / ရေဂင် ဓာတ်ပုံ / BBC Sport ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ ဒီ .. Application ကို ဒေါင်းလုတ်လုပ်ဖို့ဆိုရင်.. bit.ly/3PI6Olm ဒီကနေ ဒေါင်းလုတ်လုပ်လို့ရပါတယ်ခင်ဗျာ။ #RangoonSportMedia #news #fifaclubworldcup2025 ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati