
ဒီနေ့ညမှာ ဘောလုံးပရိသတ်တွေအားလုံးကြား စိတ်ဝင်စားမှုအရှိဆုံးနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပရီးမီးယားလိဂ် ပွဲဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်ပွဲစဉ်ကစားဖို့ရှိပါတယ်။ အဲဒီပွဲစဉ်အတွက် အထူးသုံးသပ်ချက်လေးကို ရေးသားတင် ပြပေးလိုက်ပါတယ်။ မန်ယူနဲ့ အာဆင်နယ် အဓိကအချက်များ ဖာဂူဆန်နဲ့ဝင်းဂါးတို့ခေတ်တုန်းက မန်ယူနဲ့ အာဆင်နယ်ပွဲဟာ ကြီးမားတဲ့တဲ့လိဂ်တိုက်ပွဲဖြစ်ခဲ့တယ်။ ဟိုက်ဘူရီကွင်း ရဲ့ဥမင်လှိုဏ်ခေါင်းထဲ ရွိုင်းကိန်းနဲ့ ဗီအဲရာတို့ စကားများကြတာကို ဘယ်သူများ မေ့နိုင်ပါ့မလဲ။ ဒါမှမဟုတ် မာတင်ကီအွန်နဲ့ နစ္စတယ်ရွိုင်းတို့ မျက်နှာချင်းတေ့ဆိုင် မာန်ခဲကြတာကို ဘယ်သူများမေ့နိုင်မလဲ။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာတော့ ဖလားရဖို့ အမြဲရန်စောင်နေလေ့ရှိတတ်ကြတဲ့ ဒီနှစ်သင်းကြား ကြီးမားတဲ့ ကွာဟချက်ကြီးတစ်ခု ဖြစ်ထွန်းနေပါတယ်။ နည်းပြအာတီတာရဲ့အာဆင်နယ်ဟာ ထိပ်ဆုံးကလီဗာပူးနဲ့ ၁၃ မှတ်ကွာဟနေပမယ့် ထိပ်တန်းအဆင့်မှာ ဆက်ရှိ နေချိန်မှာ မန်ယူကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အရေးတောင် အနိုင်နိုင်ကန်နေရချိန်ပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့၂နှစ် အတွင်းမှာ မန်ယူက ဖလားနှစ်လုံးရထားပေမယ့် အာဆင်နယ်ကတော့ တစ်လုံးမှမရ။ ဒါပေမဲ့ ၂၀၁၉၊ ဒီဇင်ဘာမှာ အာဆင်နယ်ကို အာတီတာ စတာဝန်ယူပြီးနောက်ပိုင်း အသင်းမှာ တည်ငြိမ်မှုကတော့ မပျက်ယွင်းသွားဘူး၊ ဒီတည်ငြိမ်မှုကို အငမ်းမရတောင့်တနေရသူက မန်ယူဖြစ်နေတယ်။အဲဒီအချိန်မှာပဲ မန်ယူဟာ အမြဲတမ်းနည်းပြသုံးဦးအပြောင်းအလဲလုပ်တယ်၊ ဆိုးလ်ရှား၊ တန်ဟက်ဂ်နဲ့ အခု ရူဘင်အမိုရင်တို့ပဲ။ တကယ်တမ်း ၂၀၂၁-၂၂ တုန်းက ကြားဖြတ်ယာယီကာလလေးကို တာဝန်ယူခဲ့သူ ရန်နစ်ခ်လည်းရှိသေး။ ကလပ်နှစ်သင်းကြား ကွာခြားလွန်းတဲ့အခြေအနေတွေ ရှိနေသော်ငြား ဒီနေ့ည အိုးလ်ထရက်ဖို့ဒ်တိုက်ပွဲဟာ နည်းပြအာတီတာအတွက် တော့ တာဝန်ယူတဲ့ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်ဖြစ်တဲ့ မှတ်တိုင်သစ်စိုက်ထူမှုတစ်ရပ်တော့ ဖြစ်နေပါတယ်။ အာတီတာအနေနဲ့ ကလပ်တစ်သင်းကို တာဝန်ယူတဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့် ၁၄ဦးမြောက်နည်းပြဖြစ်သွားပါ တယ်။ အသက် ၄၂ နှစ်နဲ့ ၃၄၈ ရက်မှာပဲ အာတီတာဟာ ဒီမှတ်တိုင်ကို စိုက်ထူနိုင်တဲ့ အသက်အငယ်ဆုံးဒုတိယ မြောက်နည်းပြဖြစ်သွားပြန်ပါတယ်၊ ပထမနည်းပြကတော့ ရောဘတ်တိုမာတီနက်ဇ်ဖြစ်ပြီး ၄၁နှစ်နဲ့ ၁၁၁ရက်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်တဲ့ လေးယောက်မြောက် စပိန်လူမျိုးနည်းပြ လည်းဖြစ်နေတယ်။ သူ့ရှေ့မှာ မာတီနက်ဇ်(၂၆၅ပွဲ)၊ ဂွါဒီယိုလာ (၃၃၁ပွဲ)၊ ဘင်နီတက်ဇ်(၃၅၉ပွဲ) တို့ရှိပါတယ်။ အာတီတာဟာ ကနဦး၁၉၉ ပွဲတာဝန်ယူတဲ့အထဲက ၁၁၈ ပွဲအနိုင်ရရှိထားတယ်၊ ဒီနှုန်းက ပြိုင်ပွဲအတွင်း ပထမဆုံး ပွဲ၂၀၀မှာ နိုင်ပွဲအများဆုံးရ ငါးဦးမြောက်နည်းပြဖြစ်လာတယ်။ ဂွါဒီယိုလာ(၁၄၆ပွဲ)၊ မော်ရင်ညို(၁၃၇ပွဲ)၊ ဂျာဂန် ကလော့ပ် (၁၂၇ပွဲ)၊ နဲ့ အဲလက်စ်ဖာဂူဆန်(၁၂၂ပွဲ) တို့သူ့ရှေ့မှာရှိတယ်။ သေချာတာကတော့ အာဆင်နယ်ဟာ လိဂ် ဖလားရရှိဖို့ စောင့်မျှော်ရတာကြာလှ၊မောလှပါပြီ၊ သို့သော်ငြားလည်း ၂၀၂၃-၂၄တုန်းက ဖလားရဖို့နီးစပ်ခဲ့သလို ၂၀၂၂-၂၃ ရာသီကလည်း နီးစပ်ခဲ့ဖူးပေမယ့် ဂွါဒီယိုလာရဲ့မန်စီးတီးက နောက်ကောက်ချတာခံလိုက်ရတယ်။ အာတီတာဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နည်းပြတိုင်းရဲ့ အနိုင်ရာနှုန်းအကောင်းဆုံး(၅၉%) နည်းပြလည်း ဖြစ်နေတယ်။ ဝင်းဂါးနဲ့အတူ တစ်ပွဲအကောင်းဆုံးအမှတ်ယူနိုင်သူပူးတွဲနည်းပြလည်းဖြစ်နေတယ်။ သူ့အသင်းဟာ လိဂ်မှာ တစ်ပွဲပျမ်းမျှ ၁.၈၉ဂိုးသွင်းတယ်။ ဝင်းဂါးရဲ့အာဆင်နယ်က တစ်ပွဲပျမ်းမျှ ၁.၈၈ဂိုးသွင်းတယ်။ ပြီးရင် အာ တီတာဟာ မန်ယူနဲ့ မှတ်တမ်းကောင်းကိုလည်း ရထားသူ၊ သူ့လက်ထက် မန်ယူနဲ့ လိဂ် ၁၀ ပွဲကစားဖူးပြီး ခုနှစ်ပွဲ အနိုင်ရထားတယ်။ ပြိုင်ပွဲမှာ မန်ယူနဲ့ အနည်းဆုံးငါးကြိမ်ရင်ဆိုင်ထားဖူးတဲ့ နည်းပြအားလုံးထဲမှာမှ အာတီတာ ဟာ နိုင်နှုန်းအမြင့်ဆုံးနည်းပြ(၇၀%) ရှိနေသူလည်း ဖြစ်နေပါသေးတယ်။ လက်ရှိခြေစွမ်းပုံစံ တကယ်တော့ အာဆင်နယ်ဟာ လိဂ်မှာ ဝက်စ်ဟမ်းကို ရှုံးပြီး နော်တင်ဟမ်ဖောရက်စ်နဲ့သရေကျပြီးနောက် ဖလားပြေးလမ်းကြောင်းမှာ ခြေစွမ်းယိုင်သွားတယ်။ အဓိကကတော့ အာဆင်နယ်ရဲ့ဒဏ်ရာအကျပ်အတည်း ဟာ အသင်းရလဒ်အပေါ် တိုက်ရိုက်သက်ရောက်သွားခဲ့တာပဲ။ တကယ်တမ်း လိဂ်နောက်ဆုံးနှစ်ပွဲစလုံးမှာ အာဆင် နယ်ဂိုးမရဘူး၊ အပေါ်ကနှစ်ပွဲတုန်းက အာဆင်နယ်ဟာ ဂိုးပေါက်တည့်တာ သုံးကြိမ်ပဲရှိတယ်။ အာဆင်နယ်အနေ နဲ့ ဂိုးမသွင်းနိုင်ဘဲ နောက်ဆုံးလိဂ်သုံးပွဲဆက်ဖြတ်သန်းခဲ့ရချိန်က ၂၀၂၁၊ ဩဂုတ်လမှာပါ။ အခုနှစ်ပွဲဆက်ဂိုးမသွင်း တော့ မန်ယူနဲ့မှာလည်း အဲဒီတုန်းကလို အာဆင်နယ်ဂိုးမသွင်းနိုင်တာသုံးပွဲမြောက်ဖြစ်လာမှာလား။ ဒါပေမဲ့ ချန် ပီယံလိဂ်မှာတော့ အာဆင်နယ်က ပီအက်စ်ဗွီကို ၇-၁နဲ့ အနိုင်ယူပြလိုက်တာဟာ သုံးသပ်သူတွေကို မျက်စိလည် သွားစေပါတယ်။ တစ်ဖက်က မန်ယူကတော့ အစ်ဆွစ်ချ်ကို အနိုင်ယူပြီး လိဂ်မှာ နိုင်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လာတယ်၊ ဒါပေ မဲ့ အက်ဖ်အေဖလားမှာတော့ ဖူလ်ဟမ်ကို ပင်နယ်တီနဲ့ရှုံးခဲ့တယ်။ ဒီနောက် ယူရိုပါလိဂ်မှာ ဆိုစီဒက်ကို သရေကျ တယ်။ ကစားသမားကိုးဦမပါခဲ့လို့ ဆိုစီဒက်နဲ့ပွဲရလဒ်က သိပ်ကြောက်စရာတော့မဟုတ်ဘူး။ ဒီနေ့ပွဲမှာလည်း အဲဒီ ကိုးဦးထဲကအများစု ကစားနိုင်မှာမဟုတ်ဘူး။ မက်ဂွဲးယားနဲ့ အူဂါတီတို့တော့ ပြန်ပါလာနိုင်တယ်။ အာဆင်နယ်မှာလည်း ဆာခါ၊ ဟာဗက်ဇ်၊ မာတင်နယ်လီ၊ ဂျီးဆပ်စ်အစရှိတဲ့ ပွဲထွက်ကစားသမားတွေ မပါနိုင်ဘူး။ ဒါပေမဲ့ ခြေစွမ်းပုံစံအရတော့ အာဆင်နယ်က မန်ယူထက် ပိုသာနေပါတယ်။ ဒီပွဲပြီးရင် နှစ်သင်းစလုံးက ဥရောပပွဲ တွေရှိပေမယ့် အာဆင်နယ်အတွက်က ကွာတားဖိုင်နယ်တက်ဖို့ ဖိအားမရှိဘူး။ မန်ယူအတွက်က ရှေ့နှစ်မှာ ဥရော ပမြေကို ပြန်နင်းနိုင်ဖို့ဆိုရင် ယူရိုပါလိဂ်ကို အာရုံစိုက်ဖို့လိုတော့ ဆိုစီဒက်နဲ့ဒု-အကျော့ပွဲက အာရုံစိုက်ဖို့ရှိနေတယ်။ ဒီအတွက် အာရှစျေးကွက်ဖွင့်ထားမှုအရလည်း မန်ယူကို ပေးရိုးပေးစဉ်မဟုတ်တဲ့ ကြေး၁+၅၀ဆိုပြီး အာဆင်နယ် ဘက်ကဖွင့်ထားတော့ အာဆင်နယ်နဲ့အတူ အာတီတာရဲ့လိဂ်ပွဲ ၂၀၀ ပြည့်ကို ဂုဏ်ပြုလိုက်ကြတာကောင်းမယ် ထင်ပါတယ်။
© COPYRIGHTS 2024 by illuminati