
ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေရှိပါတယ်။ ဒါကြောင့်ပရိသတ်အကျိူးအမြတ်ရှိနိုင်မယ့် ပွဲစဉ်နှစ်ပွဲကို ထုတ်နုတ်ပြီးသုံးသပ်ပေးလိုက်ပါတယ်။ အာဆင်နယ်နဲ့ အဲဗာတန် ဒီနှစ်သင်းတွေ့တိုင်း နစ်ဖက်အပြန်အလှန်သွင်းဂိုးတွေကို မြင်ရလေ့ရှိတယ်။ လွန်ခဲ့တဲ့နောက်ဆုံး လေးကြိမ်စလုံးမှာ အနည်းဆုံးသွင်းဂိုးလေး ဂိုးမြင်ခဲ့ရတာပါ။ နည်းပြအာတီတာရဲ့ အာဆင်နယ်ကလည်း ဒီရာသီမှာဂိုးပေါက်မှန်နေတာ။ ဒီရာသီအိမ်ကွင်းနောက်ဆုံး ၁၂ ပွဲမှာ ၁၀ပွဲက အနည်းဆုံး နှစ်ဂိုးသွင်းထားနိုင်တာမို့ အခုပွဲ ဂိုးအပေါ် အောင်သွားမယ်ထင်ပါတယ်။ လီဗားပူးနဲ့ ဖူလ်ဟမ် ပရီးမီးယားလိဂ်ကို ဦးဆောင်နေသူ လီဗာပူးရဲ့ပွဲပန်းမှုကို ဖူလ်ဟမ် အခွင့်အရေးယူနိုင်စွမ်းရှိပါတယ်။ စက်တင်ဘာလလယ်က နော်တင်ဟမ်ကို ၁ဂိုးနဲ့ရှုံးပြီးနောက်ပိုင်း လီဗာပူးဟာ ပြိုင်ပွဲစုံ အိမ်ကွင်း ကိုးပွဲအနိုင်ယူပြီး လမ်းကြောင်းပြန်တည့်လာပါတယ်။ တိုက်စစ်ကလည်းပြောစရာမရှိ။ ဒါပေမဲ့ ဖူလ်ဟမ်က အဝေးကွင်းခံစစ် သိပ်ကောင်းတဲ့အသင်း၊ လိဂ်အဝေးကွင်း နောက်ဆုံးခုနှစ်ပွဲမှာ ခြောက်ပွဲကို တစ်ဂိုးအထက်ပေးခဲ့ရတာ မရှိတဲ့ခံစစ်ဖြစ်တာမို့ လီဗာပူးအတွက် ခက်ခဲမယ့်ပြိုင်ဘက် ဖြစ်လာနိုင်တယ်။ ဒါကြောင့် သွင်းဂိုးနည်းပြီး ဂိုးအောက်ဝင်သွားဖို့ရှိပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။
© COPYRIGHTS 2024 by illuminati