
မန်ယူအသင်းနည်းပြ Ruben Amorim က အသင်းကနေပြောင်းဖို့ လုပ်နေတဲ့ တိုက်စစ်မှူး Marcus Rashford ကို ရည်ရွယ်ပြီး ထိုးနှက်တဲ့စကားတစ်ခွန်းပြောဆိုလိုက်ပါတယ်။ Rashford ဟာ ဒေါ့မွန်နဲ့ ဘာစီလိုနာ တစ်သင်း သင်းထံ အငှားပြောင်းဖို့ စကားပြောနေပါတယ်။ မန်ယူအသင်းအတွက် Rashford ထက်စာရင် အသက် ၆၃ နှစ် ဂိုးနည်းပြ Jorge Vital ကိုသာ မိမိထည့်သွင်းကစားခိုင်းတော့မယ်လို့ Amorim က ပြောလိုက်တာဖြစ်ပါတယ်။ Rushford ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိဖို့ မရေမရာဖြစ်နေပြီး အသင်းအတွက် နောက်ဆုံး ၁၁ ပွဲပါဝင်ကစား ထားရခြင်းမရှိပါဘူး။ လေ့ကျင့်ရေးမှာ Rushford ရဲ့စိတ်ဓာတ်ကို မကြိုက်တဲ့အတွက် နည်းပြ Amorim ဟာ ပြီး ခဲ့တဲ့လကမန်ချက်စတာဒါဘီပွဲအတွက် အသင်းလူစာရင်းကနေ Rushford ကို ဖယ်ထုတ်ခဲ့တာပါ။ အဲဒီလေ့ကျင့် ရေးစိတ်ဓာတ်ကပဲ Rushford ကို အသင်းကနေ ထုတ်ထားရတဲ့အကြောင်းပြချက်ဖြစ်တယ်လို့ Amorim က ပြောဆိုနေတာပါ။ “ဒီအကြောင်းပြချက်ကြောင့်ပဲ။ လေ့ကျင့်ရေးပေါ့။ ဘ၀မှာ နေ့တိုင်း ဘောလုံးသမားတစ်ယောက် လေ့ကျင့်ခန်း လုပ်သင့်တဲ့ပုံစံကို ကျနော် မြင်တယ်။ မပြောင်းလဲပါဘူး။ အရန်ခုံမှာကြည့်လိုက်။ တချို့နေရာအပြောင်းအရွှေ့ လုပ်ဖို့ ပွဲကို နည်းနည်းပြောင်းလဲဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုပုံစံကိုပဲ ကျနော်က ပိုကြိုက်တယ်။ ကျနော့် စိတ်ကြိုက်အများဆုံးလုပ်မပြနိုင်တဲ့ ကစားသမားတစ်ဦးအစား (ဂိုးနည်းပြ) Vidal ကိုပဲ ကစားခိုင်းလိုက်မယ်။”လို့ Amorim က ပြောသွားပါတယ်။ ရှေ့တစ်ပတ် အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်မတိုင်ခင် Rushford မန်ယူမှဆက်ရှိနိုင်၊မရှိနိုင်မေးမြန်း ချက်နဲ့ပတ်သက်ပြီး Amorim က “ကစားသမားတိုင်းအတွက် အခြေအနေက အတူတူပါပဲ။ အများဆုံးလုပ်နိုင် ရင် မှန်မှန်ကန်ကန်လုပ်ပြနိုင်ရင် ဘယ်ကစားသမားမျိုးမဆို ကျနော်တို့ အသုံးပြုနိုင်ပါတယ်”လို့ Amorim က ပြောဆိုသွားပါတယ်။ Amorim ရဲ့စကားလုံးတွေက Rushford ကို မန်ယူကနေ ထွက်သွားစေဖို့ရာ ဖိအားပေးစကားတွေဖြစ်နိုင်ပါ တယ်။ Rushford ကိုယ်တိုင်ကလည်း ဒီဇင်ဘာတုန်းက စိန်ခေါ်မှုသစ်ကို ရင်ဆိုင်ဖို့ အသင့်ရှိနေတဲ့အကြောင်း ပြောဆိုထားခဲ့ဖူးပါတယ်။ Rushford ဟာ မန်ယူအတွက် ကိုးနှစ်ကြာကစားခဲ့သူပါ။ ဇန်နဝါရီမှာ Rushford အသင်းကနေထွက်၊မထွက်ကိုတော့ သူမသိလို့လည်း Amorim က ပြောပါတယ်။
© COPYRIGHTS 2024 by illuminati