
ဒီနေ့မှာတော့ အရေးကြီးတဲ့ပြည်တွင်းလိဂ်ဖလားပွဲစဉ်တွေရှိနေပါတယ်။ အဲဒီထဲကနေမှ ပရိသတ်အကြိုက်ဆုံး ဖြစ်လာနိုင်တဲ့ပွဲတစ်ပွဲကို ရွေးချယ်ခန့်မှန်းပေးလိုက်ပါတယ်။ နယူးကာဆယ် vs အာဆင်နယ် (အဝေး =၁၀၀/၃+၅၀) ကာရာဘောင်ဖလား စိန့်ဂျိမ်းပါ့ခ် ည ၂း၃၀ နာရီ နယူးကာဆယ်ဟာ အဓိကဖလားပွဲတွေကစားရင် ခြေစွမ်းကသိပ်မယုံရဘူး။ ဒါပေမဲ့ ဒီရာသီတိုးတက်လာတာ တော့ မငြင်းနိုင်ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်မှန်းနိုင်တဲ့အဆင့်ရောက်နေသူဆိုတော့။ ဒါပေမဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ အတွင်း ပြိုင်ပွဲစုံကိုးပွဲဆက်နိုင်ပြီးနောက်ပိုင်း နယူးကာဆယ်ဟာ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲရှုံးကာ ခြေစွမ်းပုံစံလေး နည်းနည်းပြန်ကျသွားတယ်။ နောက်ဆုံးအိမ်ကွင်းပွဲ ဖူလ်ဟမ်ကို ၁-၂နဲ့ရှုံးခဲ့တယ်၊ အဲဒီနေ့ကပွဲ ပထမပိုင်း ဦး ဆောင်ပြီးဟုတ်နေပေမယ့် ဒုတိယပိုင်းကျ ဖူလ်ဟမ်ကပိုကောင်းပြီးနိုင်သွားခဲ့တာ။ အာဆင်နယ်ကတော့ ဖလားအတွက် လီဗာပူးကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့တစ်ဦးတည်းသောအသင်းပဲ။ အာတီတာရဲ့ အသင်းဟာ လိဂ်ထိပ်ဆုံးကလီဗာပူးနဲ့ခြောက်မှတ်ကွာ၊ တစ်ပွဲလက်ကျန်တော့ရှိပေါ့။ နှစ်ကူးနောက်ပိုင်း အာဆင် နယ်က တချို့ပွဲလေးတွေမှာ ပြဿနာရှိခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးလေးပွဲဆက်နိုင်ပွဲယူထားပြီး အခု ဂန်းနားသားတို့ ဖလားဆာလောင်စိတ်အတွက် အဆင်သင့်ပဲ။ ပြီးခဲ့တဲ့တစ်ပတ် မန်စီးတီးကို အိမ်ကွင်း ၅-၁နဲ့နိုင်ခဲ့ တာက ယုံကြည်ချက်ပိုမြင့်မားစေတာပေါ့။ ဒီနေ့ပွဲက ဆီမီးဖိုင်နယ်ပွဲရဲ့ဒုတိယအကျော့ပွဲစဉ်။ ပ-အကျော့တုန်းက အာဆင်နယ်က ကစားပုံပိုကောင်းခဲ့ပေမယ့် နယူးကာဆယ်က ၂-၀နဲ့နိုင်သွားတယ်။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အာဆင်နယ်ကစားပုံတွေအတော်လေးကောင်းလာ တာတွေ့ရတော့ ဒီပွဲအာဆင်နယ်နိုင်သွားမယ့်လို့ ယူဆပါကြောင်း။
© COPYRIGHTS 2024 by illuminati