
ဒီနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ် Play-off final ဒု-အကျော့ပွဲစဉ်တွေ ရှိပါတယ်။ Pieces Sports ပရိသတ်တွေအ တွက် အကျိုးအမြတ်ဖြစ်နိုင်အောင် ပွဲအားလုံးကို ရွေးချယ်ခန့်မှန်းပေးလိုက်ပါတယ်။ အေစီမီလန် vs ဖီယင်နု (အိမ် ၁-၇၀/၃=) မီလန်တို့ ပ-အကျော့ ၁-၀နဲ့အရှုံးကို ဗီရိုနာကို ၁-၀နဲ့စီးရီးအေအနိုင်ယူပြီး ပြန်တုံ့ပြန်ခဲ့တယ်။ မီလန်ဟာ အိမ်ကွင်း ၁၂ပွဲရှုံးပွဲမရှိသေးဘူး။ ဒတ်ချ်ကလပ် ဖီယင်နု ဒဏ်ရာကစားသမားတွေအတော်များနေတယ်၊ ပြီး အဝေးကွင်းခြေ စွမ်းမကောင်းဘဲ နောက်ဆုံးငါးပွဲနိုင်ပွဲမရဘူး။ မီလန်ကို ခုပွဲဒုက္ခပေးနိုင်ပေမယ့် ဒီပွဲမီလန်နိုင်ရင် နောက်တစ်ဆင့် တက်မှာဆိုတော့ အစဉ်အလာကြီးတဲ့ မီလန်ကိုပဲ ရွေးမယ်။ အတ္တလန္တာ vs ကလပ်ဘရု (အိမ် ၁-၃၀/၃+၂၀) ဘော်ဒီနဲ့ဂိုးပေါင်းစျေးမမျှဘူးဖြစ်နေတယ်။ ပ-အကျော့တုန်းက စီးရီးအေကလပ်က ရှုံးထားတယ်။ နည်းပြဂက်စ ပီရီနီရဲ့အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာနိုင်ပြီး အိမ်ကွင်းနောက်ဆုံးနှစ်ပွဲဂိုးမသွင်းနိုင်ဘူး။ တစ်ဖက်က ကလပ်ဘရုကတော့ ပြိုင်ပွဲစုံလေးပွဲရှုံးပွဲမရှိ၊ အဝေးကွင်းနှစ်ပွဲဆက်လည်းရှုံးပွဲမရှိပေမယ့် အဝေး ကွင်းလေးပွဲမှာ နိုင်ပွဲတော့မရသေးဘူးပေါ့။ ဖွင့်တိုက်မယ့်ပွဲဖြစ်နိုင်တာမို့ ဂိုးအပေါ် ရွေးသင့်တယ်။ ဘိုင်ယန်မြူးနစ် vs ဆဲလ်တစ် (အိမ် ၂-၂၀/၄+၈၀) ဘိုင်ယန်က လေဗာကူဆင်နဲ့ပွဲဂိုးမရှိသရေ၊ ဒီပွဲမှာ အဲဒီရလဒ်မျိုးထွက်တာ ဘိုင်ယန်ကံကောင်းလို့ပါ။ ချန်ပီယံလိဂ် နောက်တစ်ဆင့်အတွက် ဘိုင်ယန်မှာ ရှိနေတဲ့အားသာချက်က အိမ်ကွင်းခုနှစ်ပွဲစလုံးနိုင်ထားတဲ့အချက်ပဲ။ ဆဲလ် တစ်ကလည်း ပ-အကျော့ ၂-၁နဲ့အရှုံးကို လိဂ်မှာ ဒန်ဒီးယူနိုက်တက်ကို ၃-၀နဲ့နိုင်ပြီး စိတ်ပြန်ဖြေထားခဲ့တယ်။ စကော့တစ်ရှ်ချန်ပီယံအသင်းဟာ ဒီရာသီချန်ပီယံလိဂ်အဝေးကွင်းလေးပွဲစလုံး နိုင်ပွဲမရဘူး၊ နောက်ဆုံးဂျာမနီ မြေသွားကစားတုန်းက ဒေါ့မွန်ကို ၇-၁နဲ့ရှုံးခဲ့တယ်။ ဒီပွဲကဘော်ဒီထက် ဂိုးပေါင်းပိုစိတ်ဝင်စားတယ်။ ဂိုးအပေါ် ထိုးကွက်ကြေးအောင်နိုင်ခြေများပြီး ဘွတ်ကီအမြတ်အပေါင်းပြနေတယ်။ ဂိုးအပေါ် အားပေးမယ်။ ဘင်ဖီကာ vs မိုနာကို (အိမ်၁+၈၀/၃-၅၀) ပ-အကျော့ ဘင်ဖီကာက ၁-၀နဲ့နိုင်ထားတော့ အခုပွဲစဉ်အတွက် စိတ်ဓာတ်ပိုင်းအရကို အသာစီးရနေတယ်။ ခုပွဲ မှာ မိုနာကိုရဲ့အဓိကကစားသမားအတော်များများ မကစားနိုင်ဘူး။ မိုနာကို အဝေးကွင်းခြေကလည်းညံ့တယ်၊ ဒီ ဇင်ဘာစကတည်းက အဝေးကွင်းကစားလာတဲ့ပွဲတွေမှာ တစ်ပွဲသာနိုင်ထားတယ်။ မိုနာကိုဘက်က အားထားရ မယ့်ပုံစံကောင်းကစားသမားဆိုလို့ ဗဟိုတိုက်စစ်မှူး Mika Biereth သာရှိမယ်။ ဒါပေမဲ့ အိမ်ကွင်းအားသာချက် နဲ့ ဘင်ဖီကာတို့ နောက်ဆုံး ၁၆ သင်းနေရာကို ရယူသွားဖို့ ရေပန်းစားနေတယ်။ ဘင်ဖီကာပဲ ကြိုက်တယ်။ +++++++++++++++++++++++++++++++
© COPYRIGHTS 2024 by illuminati