
မနေ့က ချန်ပီယံလိဂ်နှစ်ပွဲမှာတော့ လီဗာပူးက သုံးသပ်ပေးတဲ့အတိုင်း အကောင်းဆုံးခြေစွမ်းပြပြီး လေဗာကူဆင် ကို နိုင်သွားခဲ့တယ်။ တစ်ဖက်မှာ ချန်ပီယံလိဂ်ဘုရင်ကြီး ရီးယဲလ်မက်ဒရစ်ကတော့ အိမ်ကွင်းပရိသတ်ရှေ့ အရှက် ကွဲစွာနဲ့ပဲ အေစီမီလန်ကို အရေးနိမ့်သွားခဲ့ရပါတယ်။ ဒီညအတွက်လည်း လူစိတ်ဝင်စားမှုအရှိန်အမြင့်ဆုံးဖြစ်မယ့် နှစ်ပွဲကို ရွေးချယ်သုံးသပ်ပေးလိုက်ပါတယ်။ ပထမဆုံးပွဲက အင်တာမီလန်နဲ့ အာဆင်နယ်တို့ပွဲစဉ်ပါပဲ။ ဥရောပရဲ့အကောင်းဆုံးနှစ်သင်း ချန်ပီယံလိဂ်ရဲ့စတုတ္ထပွဲ စဉ်မြောက်ကစားကြတာပါပဲ။ မနှစ်ကအင်တာဟာ စကူဒက်တိုရပြီးစူပါခြေစွမ်းနဲ့ပေါ့။ ဒါပေမဲ့ ချန်ပီယံလိဂ်ထင် သလောက်မဟုတ်ခဲ့ဘူး။ ကွာတားအဆင့်မှာ အသလက်တီကိုကို ရှုံးပြီးထွက်ခဲ့ရတာ။နွေကာလတစ်လျှောက် အင် တာဟာ သူ့ကစားသမားအားလုံးကို ထိန်းထားနိုင်ပြီး အသင်းကို တောင့်တင်းစေခဲ့လို့ ဒီပြိုင်ပွဲဗိုလ်စွဲဖို့ ရေပန်းစား အသင်းတွေထဲ ထပ်ပါလာပြန်ပါတယ်။ ဒီနှစ်ဥရောပမှာ သုံးပွဲကစားပြီး အင်တာခုနှစ်မှတ်ယူထားခဲ့တယ်။ ဒုတိယ အဆင့်ရပ်တည်ဖို့ လမ်းမှန်ရောက်နေတာပေါ့လေ။ တစ်ဖက်က အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ပထမဆုံးဖလားကို ယူနိုင်ဖို့ရှာနေရတာ။ လွန်ခဲ့တဲ့၂နှစ်မှာ ပရီးမီး ယားလိဂ်ဖလားရဖို့ နီးစပ်ခဲ့ရုံပဲခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း အထင်ကြီးလို့မရခဲ့။ ဒီနှစ်တော့ ထိပ်ဆုံးအသင်းနဲ့ ခုနှစ်မှတ်ပြတ်နေပြီး ဆယ်ပွဲကစား ဆယ့်ရှစ်မှတ်နဲ့အဆင့်ငါး။ ဒဏ်ရာပြဿနာ၊ အထူးသဖြင့် အိုဒီဂတ်ဒဏ်ရာရမှု က အာဆင်နယ် ခြေစွမ်းကျသွားရခြင်းရဲ့ပင်မအကြောင်းရင်းပါပဲ။ ဒီနေ့ပွဲကတော့ စိတ်လှုပ်ရှားမှုဒီရေအမြင့်ဆုံးနဲ့ ခက်ခဲမယ့်ပွဲ၊ ခြေစွမ်းကွာဟမှု၊ အာဆင်နယ်ရဲ့အဝေးကွင်းခြေစွမ်းအားနည်းမှု၊ အင်တာအိမ်ကွင်းအသာရမှုနဲ့ဆိုရင် ဒဲ့ဒဲ့အကျောပေးမှုမှာ အင်တာအနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ နောက်တစ်ပွဲအဖြစ် ပီအက်စ်ဂျီနဲ့ အသလက်တီကိုပွဲကို တိုတိုရှင်းရှင်းသုံးသပ်ပေးလိုက်တယ်။ သိပ်မကြာသေးခင် နှစ်တွေက အသလက်တီကိုဆိုတာ ခံစစ်ကောင်းတဲ့အသင်းအဖြစ် ရပ်တည်နိုင်ထားတာ။ ဒါပေမဲ့ အဲဒီအဆင့်မျိုး ဒီရာသီမျာ ပျောက်နေတယ်။ နောက်ဆုံးရှစ်ပွဲမှာ ပေးဂိုးမဲ့နှစ်ပွဲပဲရှိပြီး ဥရောပမြေဆိုခံစစ်မှတ်တမ်းက ဆိုးရွားနေ တာပါပဲ။ ပြောရရင် ချန်ပီယံလိဂ်နောက်ဆုံးခုနှစ်ပွဲစလုံး ပေးဂိုးမရှိတဲ့ပွဲရယ်လို့ မရှိခဲ့ဘူး။ ပီအက်စ်ဂျီတိုက်စစ်အ လုပ်ဖြစ်နေတာနဲ့ဆိုရင် အခုပွဲ ၃လုံးသရေအကျောပေးမှုမှာ နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်ပြီးဂိုး အပေါ်အောင်မြင်နိုင်မယ်ထင်ပါတယ်။
© COPYRIGHTS 2024 by illuminati