
မန်ယူအသင်းကတော့နည်းပြသစ်အေမိုရင် လက်ထက်မှာ နိုင်ပွဲမရသေးပါဘူး။ မနေ့ကလည်းအိမ်ကွင်းမှာနော်တင်ဟမ်ဖော်ရက်စ်ကိုရှုံးခဲ့ပြန်လို့ ပရိသတ်တွေကတော့ နည်းပြသစ်ရဲ့ခြေလှမ်းအစအတွက်ရင်ခုန်စပြုလာပါပြီ။ အခုလည်းမန်ယူအသင်းမှာငါးလပဲတာဝန်ယူရ သေးတဲ့အားကစားဒါရိုက်တာဒင်းမ်အက်ရှ်ဝေါ့သ်ရာထူးကနေနုတ်ထွက်သွားပါတယ်။ အက်ရှ်ဝေါ့သ်ဟာ နယူးကာဆယ်အသင်းမှာတာဝန် ထမ်းဆောင်ခဲ့ရာကနေ ဇူလိုင် ၁ ရက်မှာ မန်ယူကိုပြောင်းရွှေ့လာခဲ့သူပါ။ ဒါပေမဲ့ အခုတော့ အက်ရှ်ဝေါ့သ်ဟာ နော်တင်ဟမ်ကိုရှုံးတဲ့ပွဲပြီးနောက် အသင်းစီအီးအိုဘာရာဒါနဲ့ အစည်းအဝေးပြုလုပ်ပြီး နှစ်ဖက်သဘောတူညီမှုနဲ့ ရုတ်တရက်ရာထူးကနေနုတ်ထွက်လိုက်တာလို့သိရပါတယ်။ အက်ရှ်ဝေါ့သ်ဟာ မန်ယူရဲ့ပေါင်သန်း ၂၀၀ အပြောင်းအရွှေ့တွေတုန်းက အဓိကပါဝင်ခဲ့သူဖြစ်ပြီး တန်ဟက်ဂ်ကို စာချုပ်သစ်ချုပ်၊ နောက်ပိုင်းရာထူးကနေထုတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေမှာလည်းနောက်ကွယ်ကပါဝင်ခဲ့သူပါ။ ကမ္ဘာ့ထိပ်တန်းအားကစားဒါရိုက်တာတွေထဲကတစ်ဦးလို့တောင်အသင်းပိုင်ရှင်ရက်ကလစ်ဖ်ကိုယ်တိုင်ပြောခဲ့ဖူးတဲ့အက်ရှ်ဝေါ့သ်တစယောက် အခုလိုရုတ်တရက်နုတ်ထွက်မှုက မန်ယူပရိသတ်တွေကြား မေးခွန်းပေါင်းများစွာဖြစ်ကျန်ရစ်ခဲ့တာတော့အမှန်ပါပဲ။
© COPYRIGHTS 2024 by illuminati