
ဒီနေ့မှာ ဥရောပလိဂ်ပွဲစဉ်ကောင်းတွေရှိပါတယ်။ ဒီနေ့အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် လိဂ်ပွဲစဉ်အချို့ကို ထုတ်နုတ်ပြီး ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ်။ ဘုန်းမောက် vs နော်တင်ဟမ်ဖောရက်စ် (အိမ်=၇၀/၃+၈၀) နှစ်သင်းစလုံးက ရှုံးပွဲမရှိအသင်းချင်းတွေ့ကြတာပါ။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ နှစ်သင်းစလုံးက ပရီးမီး ယားလိဂ်မှာ ခြေစွမ်းကောင်းပုံစံရထားတယ်။ ဘုန်းမောက်က လိဂ်နောက်ဆုံး ၆ ပွဲ ရှုံးပွဲမရှိဖြတ်သန်းထားသလို နော်တင်ဟမ်ဖောရက်စ်ကလည်း ၁၀ပွဲမှာ ၈ ပွဲနိုင်ထားတာပါ။ လိဂ်ဇယားမှာ အဆင့်သုံးရပ်တည်နေတဲ့ ဖော ရက်စ်ကတော့ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းဖို့ရာ ပိုအားသာနေတယ်။ ပြီးတော့ အဝေးကွင်းလေးပွဲဆက်တိုက်လည်း နိုင်ထားတဲ့အသင်းပါ။ နည်းပြဆန်တိုရဲ့အသင်းဟာ ဒီနေ့ပွဲစဉ်မှာ မရှုံးအောင် အဓိကထားကစားမှာပဲ။ ဒါကြောင့် နော်တင်ဟမ်ကို အားပေးသင့်ပါတယ်။ မန်စီးတီး vs ချဲလ်ဆီး (အိမ်=၇၀/၃-၁၀၀) မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားလေးကြိမ်ဆက်ယူထားပေမယ့် ဒီနှစ်တော့ ဆက်ယူနိုင်မှာမဟုတ်တော့ပါ ဘူး။ နည်းပြဂွါဒီယိုလာရဲ့အသင်းဟာ လိဂ်ထိပ်ဆုံးက လီဗာပူးနဲ့ ၁၂မှတ်ပြတ်နေပြီး ၂၂ပွဲကစားအပြီးမှာ မန်စီး တီးအနေအထားက ဆိုးရွားခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ မန်စီးတီးဟာ ခြေစွမ်းပိုင်းတိုးတက်လာပြီး ၆ ပွဲ ဆက်နိုင်ပွဲရထားပေမယ့် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ရှုံးခဲ့လို့ ဒီစံချိန်ရပ်သွားတယ်။ ချဲလ်ဆီးနဲ့ပွဲဟာ မန်စီးတီး အတွက် နိုင်ပွဲပြန်ရလာဖို့ ကြိုးစားရမယ်။ ၂၀၂၄-၂၅မှာ ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းပြန်ဝင်လာနိုင် တဲ့တစ်သင်းရှိတယ်။ လက်ရှိမှာ မန်စီးတီးနဲ့ နယူးကာဆယ်ထက် နှစ်မှတ်သာကွာပြီး အဆင့် ၄ရပ်တည်နေတဲ့ ချဲလ်ဆီးပါပဲ။ ချဲလ်ဆီးခြေစွမ်းက အထနှေးသွားခဲ့ပြီး နောက်ဆုံးခုနှစ်ပွဲမှာ နှစ်ပွဲပဲနိုင်တယ်။ နောက်ဆုံးပွဲမှာတော့ ချဲလ်ဆီးဟာ ၀ုဗ်ကို ၃-၁ နဲ့နိုင်ခဲ့တယ်။ အိမ်ရှင်ဟာ ပွဲအများစုကို လွှမ်းမိုးကစားနိုင်ခဲ့လို့ အနိုင်သုံးမှတ်နဲ့ထိုက် တန်တဲ့ခြေစွမ်းကို ရခဲ့ပါတယ်။ ဆိုတော့ ဒီနေ့ပွဲစဉ်မှာ ဘော်ဒီထက် ဂိုးပေါင်းကို ပိုအာရုံစိုက်မိတယ်။ မန်စီးတီးဟာ နောက်ဆုံးငါးပွဲမှာ သွင်းဂိုးက ၂၂ ဂိုးရှိပြီး တိုက်စစ်ကပြန်အလုပ်ဖြစ်လာတယ်။ တစ်ဖက်မှာ ချဲလ်ဆီးကလည်း နောက်ဆုံးသုံးပွဲမှာ သွင်းဂိုးက၁၀ ဂိုး။ နှစ်သင်းစလုံး တိုက်စစ်ရစ်သမ်မိနေကြတာမို့ အခုပွဲကို ဂိုးအပေါ် အပိုင်အားပေးမယ်။ နာပိုလီ vs ဂျူဗင်တပ်စ် (အိမ် =၃၀/၂-၂၀) နောက်ဆုံးလေးပွဲမှာ နာပိုလီခံစစ်ကောင်းမွန်ပြီး ပေးဂိုးမဲ့သုံးပွဲရှိတယ်။ ဒါပေမဲ့ နာပိုလီအားနည်းချက်က ဂျူဗင် တပ်စ်နဲ့ဆို ခံစစ်ပိုင်းကစားပုံဆိုးသွားတာပဲ။ ဂျူဗင်တပ်စ်တို့ အနည်းဆုံးဒီပွဲမှာ တစ်ဂိုးတော့ရမယ်။ တကယ်တမ်း လည်း ဂျူဗင်တပ်စ်ဟာ နာပိုလီကွင်းသွားကစားတဲ့ နောက်ဆုံးခြောက်ပွဲစလုံးဂိုးသွင်းနိုင်တာပါ။ ဒါပေမဲ့ ဂျူဗင် တပ်စ်ခံစစ်ကလည်း ဒီရာသီ အဝေးကွင်းမှာ ရုန်းကန်နေရတယ်။ နည်းပြသီယေဂိုမော့တာရဲ့အသင်းဟာ စီးရီးအေ အဝေးကွင်းနောက်ဆုံးလေးပွဲစလုံး ပေးဂိုးမဲ့မရှိဘူး။ ဒီပွဲမှာ နှစ်ဖက်အပြန်အလှန်သွင်းဂိုးမြင်ရနိုင်ပေမယ့် ဂိုးတွေအ များကြီးမြူးလာမယ့်ကိန်းမရှိဘူး။ ဒီတော့ ဂိုးအောက် ရပ်တည်သင့်ပါတယ်။
© COPYRIGHTS 2024 by illuminati