
အာဆင်နယ် - အစ်ဆွစ်ချ် ပြိုင်ပွဲ - ပရီးမီးယားလိဂ် ကစားမည့်ရက် - ၂၇၊ ဒီဇင်ဘာ၊ ၂၀၂၄ ကစားမည့်အချိန် - ည ၂နာရီ ၄၅ မိနစ် ကစားမည့်ကွင်း - အမ်းမရိတ်အားကစားကွင်း (လန်ဒန်) မနှစ်က မန်စီးတီးဟာ ၂၀၀၄နောက်ပိုင်း ပထမဆုံးအကြိမ်ဖလားရမယ့်အနေအထားကနေ အာဆင်နယ်ကို ဖယ် ရှားပစ်ခဲ့ပါတယ်။ ဒီနှစ်တော့ နည်းပြဂွါဒီယိုလာရဲ့အသင်းဟာ မနှစ်တုန်းကခြေစွမ်းမျိုးလုံး၀မတွေ့ရတော့ဘူး။ ဒီ နှစ်တော့ ခြေစွာပြီး ဦးဆောင်နေတာ လီဗာပူးပါပဲ။ လက်ရှိမှာ အာဆင်နယ်ဟာ လီဗာပူးနဲ့ ခြောက်မှတ်ကွာဟနေ ပါတယ်။ လီဗာပူးကတော့ တစ်ပွဲလျော့အနေအထားပါ။ နည်းပြအာတီတာရဲ့အာဆင်နယ်ဟာ ကစားခဲ့တဲ့ပြိုင်ပွဲစုံ နောက်ဆုံးဆယ်ပွဲစလုံးရှုံးနိမ့်ထားတာမရှိသေးဘဲ ခြေစွမ်းပုံစံကောင်းရနေတာပါ။ ပြီးခဲ့တဲ့တစ်ပတ်က အဝေးကွင်း မှာ အာဆင်နယ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၅-၁ဂိုးနဲ့နိုင်ထားတယ်။ တစ်ဖက်မှာ အစ်ဆွစ်ချ်ကတော့ ၂၀၀၂နောက်ပိုင်း ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်တန်းပြန်တက်လာနိုင်တာ ဖြစ်ပါတယ်။ ကစားခဲ့တဲ့ကနဦးလိဂ် ၁၇ပွဲကနေ ၁၂မှတ်ပဲ အစ်ဆွစ်ချ်ယူထားနိုင်ပြီး နောက်ဆုံးငါးပွဲမှာ တစ်ပွဲနိုင်၊ လေးပွဲရှုံးထားတာပါ။ ဒီတော့ အစ်ဆွစ်ချ်အနေနဲ့ ယုံကြည်မှုပြန်တည်ဆောက်ဖို့ ပွဲကောင်းတစ်ပွဲကစားနိုင်ဖို့ လို အပ်နေတယ်။ ပြီးခဲ့တဲ့တစ်ပတ် အိမ်ကွင်းမှာ နယူးကာဆယ်ကို လေးဂိုးပြတ်ရှုံးလိုက်တဲ့ဒဏ်ကိုလည်း အစ်ဆွစ်ချ် တို့ ကောင်းကောင်းခံစားနေရချိန်ပါ။ ဒီတော့ အိမ်ကွင်းနောက်ဆုံးငါးပွဲမှာ လေးပွဲကို ဂိုးကွာခြားချက် ၁၁ - ၂ ဂိုးနဲ့နိုင်ထားတဲ့ အာဆင်နယ်အနေနဲ့ အခုပွဲ စဉ်မှာ အခက်အခဲမရှိအနိုင်ယူနိုင်မှာသေချာပါတယ်။ အာဆင်နယ်ဘော်ဒီစျေး ၂-၇၀ ကို ကြေးအောင်နိုင်ခြေ ၅၄.၁ % ရှိပြီးအစ်ဆွစ်ချ်ဘက်က ကြေးအောင်နိုင်ခြေက ၄၈.၈% ပဲရှိပါတယ်။ ဒါကြောင့် အာဆင်နယ်အိမ်ကွင်းမှာ အ နိမ့်ဆုံးသုံးဂိုးပြတ်နဲ့အောင်ပွဲခံသွားမယ်ထင်တယ်။
© COPYRIGHTS 2024 by illuminati