
စပိန်အသင်းဟာ ယူရို ၂၀၂၄ အဖွင့်ပွဲအဖြစ် ခရိုအေးရှားနဲ့ရင်ဆိုင်တော့ ပွဲထွက်ကစားသမားစာရင်းထဲ အသက် ၁၆ နှစ်အရွယ်သားလေးတစ်ဦးကို ထည့်သွင်းလိုက်ချိန်မှာ ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်သူတချို့က ‘ဘယ် ကောင်လေးလဲ’ ပေါ့ဆိုပြီး တုံ့ပြန်ခဲ့ကြပါတယ်။ ပွဲသိမ်းခရာလည်းမှုတ်ရော လာမိုင်းယာမဲလ်ဟာ ကမ္ဘာ့စောင့်ကြည့်ခံရဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားပြီး သူ့ရဲ့ တောင်ပံကနေပံ့ပိုးပေးမှုနဲ့အတူ စပိန်ဟာ သုံး ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတော့တယ်။ အဲဒီနေ့ဟာ ပြိုင်ပွဲသမိုင်းအသက်အငယ်ဆုံးကစားသမားအဖြစ် ယာမဲလ်ကို စာ ရင်းဝင်သွားစေခဲ့တဲ့နေ့။ ဂိုးဖန်တီးပေးနိုင်တဲ့အငယ်ဆုံးကစားသမားဖြစ်တဲ့နေ့၊ အဲဒီနောက်ပိုင်း ယာမဲလ်ရရှိခဲ့တဲ့ မှတ်တမ်းတွေဟာ မရပ်တန့်နိုင်တော့ဘူး။ ဥရောပဖလားကို ကိုင်မြှောက်လိုက်ချိန်မှာတော့ ယာမဲလ်ဟာ အငယ်ဆုံးဂိုးသွင်းသူ၊ ဗိုလ်လုပွဲအငယ်ဆုံးဂိုးဖန်တီး ပေးသူနဲ့ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးလူငယ်ကစားသမားဆုတွေကို တစ်ပွေ့တစ်ပိုက်ရရှိခဲ့တယ်။ အခုတစ် ဖန်ယာမဲလ်ဟာ ပရီးမီးယားလိဂ်လူငယ်ပါရမီရှင်တွေကိုလည်း နောက်ကောက်ချခဲ့ပြန်ပါသေးတယ်။ ဘောလုံးငွေ ကြေးအချက်အလက်သုတေသနကုမ္ပဏီတစ်ခုရဲ့စစ်တမ်းအရ ယာမဲလ်ဟာ စျေးကွက်တန်ကြေးပေါင်သန်း ၁၅၀နဲ့ အမြင့်ဆုံးလူငယ်ကစားသမားဖြစ်နေတာပါပဲ။ ခုတော့ ဘာစီလိုနာကြယ်ပွင့်ကို ရပ်တန့်မရနိုင်တော့၊ ပါရီမှာကျင်း ပခဲ့တဲ့ဘလွန်းဒီအော်ဆုပေးပွဲမှာလည်း အကောင်းဆုံးလူငယ်ကစားသမားဆု ရွှေလူငယ်ဆုကိုလည်း ရရှိခဲ့တယ်။ ယာမဲလ်ဟာ လူငယ်တန်ကြေးအများဆုံးထိပ်တန်းအယောက် ၂၀စာရင်းမှာလည်း ထိပ်က၊ အယောက် ၁၀၀စာ ရင်းထဲမှာလည်း အငယ်ဆုံးအဖြစ်ထိပ်ဆုံးမှာပဲ။ သူ့တန်ကြေးဟာ ဒုတိယနေရာကလူထက် ငါးဆယ်ရာခိုင်နှုန်းပို များနေပါတယ်။ ဒုတိယနေရာကဘယ်သူလဲ . . .။ ဒီရာသီမန်ယူရဲ့ကံတရားဆိုးရွားနေပေမယ့် အသင်းအတွက် ခြေစွမ်းပြပေးနေသူ အာဂျင်တီးနားသားဂါနာချိုပါပဲ။ အသက် ၂၀ဂါနာချိုဟာ ဒီရာသီပွဲထွက်လိုက်ရ၊ထိုင်နေလိုက်ရဖြစ်နေတာ။ လိဂ် နောက်ဆုံးခြောက်ပွဲမှာ တစ်ဂိုးပဲသွင်းနိုင်သေးတယ်။ ဒါပေမဲ့ အံ့ဖွယ်ဂိုးသွင်းနို်ငမှုနဲ့ နေရာယူလိမ်ခေါက်ဆွဲပြေးရာ မှာကောင်းမွန်လှတဲ့သူ့ကျွမ်းကျင်မှုကပဲ ကမ္ဘာ့ဘောလုံးပရိသတ်တွေကို ဟာခနဲဟင်ခနဲဖြစ်သွားစေတာ။ သူ့တန် ကြေးကတော့ ပေါင် ၉၅သန်းပါတဲ့။ တတိယနေရာကသူကတော့ ပြင်သစ်နဲ့ပီအက်စ်ဂျီမှာကစားနေတဲ့ဇိုင်းယီအမ် မရီ(၁၈နှစ်)ဖြစ်ပြီး ပေါင်သန်း ၉၀ပါ။ ကဲ …ဘယ်သူတွေစာရင်းချိတ်လဲ အောက်မှာကြည့်လိုက်ပါဦး။ စျေးအကြီးဆုံးယူ-၂၁ဘောလုံးသမားထိပ်တန်း ၁၀ ဦးစာရင်း လာမိုင်းယာမဲလ် (၁၇နှစ်/ဘာစီလိုနာ)- ပေါင် ၁၅၀ သန်း ဂါနာချို (၂၀နှစ်/မန်ယူ) - ပေါင် ၉၅ သန်း ဇိုင်းယီ အမ်မရီ (၁၈နှစ်/ပီအက်စ်ဂျီ) - ပေါင် ၉၀ သန်း မိုရီယာ (၂၀နှစ်/မန်စီးတီး) - ပေါင် ၈၄ သန်း ဂျာအိုနာဗက်စ် (၂၀နှစ်/ပီအက်စ်ဂျီ) - ပေါင် ၈၃သန်း အန်ဒရစ်ခ် ဖီလစ် (၁၈နှစ်/ရီးယဲလ်)- ပေါင် ၈၁ သန်း ရီကိုလူး၀စ္စ (၁၉နှစ်/မန်စီးတီး) - ပေါင် ၇၂သန်း အာဒါဂူလာ (၁၉နှစ်/ရီးယဲလ်) - ပေါင် ၆၃သန်း ကိုဘီမိုင်နူး (၁၉နှစ်/မန်ယူ) - ပေါင် ၆၂သန်း ကီနန် ယီးလ်ဒစ်ဇ် (၁၉နှစ်/ ဂျူဗင်တပ်စ်) - ပေါင် ၆၀ သန်း
© COPYRIGHTS 2024 by illuminati