
ဘရိုက်တန် - ဘရန့်ဖို့ဒ် ပြိုင်ပွဲ - ပရီးမီးယားလိဂ် ကစားမည့်ရက် - ၂၇၊ ဒီဇင်ဘာ၊ ၂၀၂၄ ကစားမည့်အချိန် - ည ၂ နာရီ ကစားမည့်နေရာ - အမေရိကန်အိတ်စ်ပရက်ကွန်မြူနတီကွင်း(ဖဲလ်မာ အိတ်စ် ဆက်ဆပ်) နှစ်မှတ်သာကွာဟတဲ့ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ပွဲကတော့ မြိုင်မြိုင်ဆိုင်ရှိမှာသေချာပါတယ်။ နှစ်သင်းစလုံးက ဂိုးသွင်းစွမ်းရည်မြင့်အသင်းတွေဖြစ်နေတာကြောင့်လည်း ပါတယ်။ အိမ်ရှင် ဘရိုက်တန်ဟာ ပြီးခဲ့တဲ့တစ်ပတ် ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီသရေကျခဲ့ပြီး ငါးပွဲဆက်နိုင်ပွဲမဲ့နေတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ငါးပတ်က ဘုန်းမောက် ကို ၂-၁ ဂိုးနဲ့နိုင်ပြီးကတည်းက ဘရိုက်တန်တို့ နိုင်ပွဲမရဖြစ်နေတာပါ။ ဒါပေမဲ့ ဒီရာသီ ဂိုးသွင်းဇယားမှာတော့ ဘရိုက် တန်က အတော်လေးကောင်းတဲ့အနေအထားမှာရှိပါတယ်။ ကစားခဲ့တဲ့ လိဂ် ၁၇ပွဲမှာ နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေချည်း ကိုးပွဲလောက်မြင်တွေ့ခဲ့ရတယ်။ နောက်ဆုံးကစားခဲ့တဲ့ဆယ်ပွဲမှာလည်း ရှစ်ပွဲက နှစ်ဖက်အပြန်အလှန် သွင်းဂိုးတွေမြူးခဲ့ကြတာမျိုး ရှိခဲ့တယ်။ တစ်ဖက်မှာ ဘရန့်ဖို့ဒ်ကိုလေ့လာတော့ ဒီဇင်ဘာမှာ ရလဒ်တွေဆိုးနေတာတွေ့ရတယ်။ သောမတ်စ်ဖရန့်ရဲ့အ သင်းဟာ နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံးပြီး ၁၂ဂိုးခံစစ်က ပေးထားရပါတယ်။ ဘရိုက်တန်လိုပဲ ဘရန့်ဖို့ဒ်ကလည်း ဂိုးမြူးတဲ့အသင်းပါ။ ကစားခဲ့တဲ့နောက်ဆုံးခြောက်ပွဲမှာ ပျမ်းမျှလေးဂိုးသွင်းတာကို တွေ့ရတယ်။ လိဂ်အဝေးကွင်း နောက်ဆုံးခုနှစ်ပွဲမှာ ခြောက်ပွဲက နှစ်ဖက်အပြန်အလှန်ဂိုးမြူးကြတဲ့ပွဲတွေချည်းပဲ၊ ဂိုးအပေါ်လည်း အောင်ခဲ့တာ ပေါ့။ ဒီနှစ်သင်း အခုကွင်းမှာပဲ နောက်ဆုံးတွေ့ခဲ့တဲ့တုန်းက ဘရိုက်တန်က ၂-၁နဲ့နိုင်ထားပါတယ်။ အလားတူရလဒ်မျိုး ပြန်မြင်ရနိုင်လို့ ၃-၅၀ ဂိုးပေါင်းစျေးမှာ နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးအပေါ်မြူးသွားနိုင်ပါကြောင်း။
© COPYRIGHTS 2024 by illuminati