
ဒီနေ့ည လာလီဂါ၊ စီးရီးအေနဲ့ အက်ဖ်အေဖလားပွဲစဉ်ကစားဖို့ရှိပါတယ်။ Peices sports ပရိသတ်တွေ အကျိုး အမြတ်ဖြစ်စေနိုင်အောင် တွက်ချက်ရွေးချယ်ပေးလိုက်ပါတယ်။ အောင်မြင်ကြပါစေ။ ဗီလာရီးယဲလ် vs အက်စ်ပန်ညို (အိမ်၁-၅၀/၃+၅၀) လာလီဂါမှာ ဗီလာရီးယဲလ်ထက်ပိုပြီးဂိုးပိုသွင်းနိုင်တဲ့အသင်းနှစ်သင်းသာရှိပါတယ်။ အဓိကတိုက်စစ်မှူး ပီရက်ဇ် က ဗီလာရီးယဲလ်ရဲ့ဂိုးသွင်းစက်၊ လိဂ်မှာ ၁၁ဂိုးရှိပြီ။ တစ်ဖက်က အက်စပန်ညိုကလည်း ခြေစွမ်းပုံစံကောင်းရ ထားပြီး တန်းဆင်းဇုန်ကနေ စတက်လာနေတာ။ အက်စ်ပန်ညိုဟာ ပြိုင်ပွဲစုံနောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာရှုံးထား တဲ့အထိ ခြေစွမ်းမာနေတယ်။ ဗီလာရီးယဲလ်အတွက် အနိုင်ရဖို့ ခက်ခဲနိုင်တယ်။ အဝေးကွင်းအက်စ်ပန်ညိုခြေကျ သွားတတ်တာတော့ရှိတယ်။ ဗီလာရီးယဲလ်နိုင်လည်းဂိုးမပြတ်နိုင်ဘူး။ ပြီးဘော်ဒီနဲ့ဂိုးပေါင်းစျေး မမျှဘူးဖြစ်နေ တယ်။ အိမ်ရှင်နိုင်တောင် ၁-၀လောက်သွားမယ့်အနေအထားဖြစ်တာမို့ အက်စ်ပန်ညိုနဲ့ ဂိုးအောက်ကို တွဲအား ပေးသင့်ပါတယ်။ ++++++++++++++++ ဂျူဗင်တပ် vs ဗီရိုနာ (အိမ်၁-၈၀/၃+၈၀) ဂိုးရဖို့အခွင့်အရေးများစွာရှိခဲ့ပေမယ့် ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကက်ဂလီယာရီကို ၁-၀နဲ့ကပ်နိုင်ခဲ့တယ်။ တစ်ဖက်က ဗီရိုနာကတော့ ဖီအိုရင်တီးနားနဲ့ပွဲမှာ ပွဲကို ထိန်းချုပ်ကစားနိုင်စွမ်းရှိခဲ့သလို ဒုတိယပိုင်းမှာ အခွင့်အ ရေးတွေကို ပိုဖန်တီးနိုင်ခဲ့ပြီး ၁-၀နဲ့အနိုင်ယူခဲ့ပါတယ်။ ကက်ဂလီယာရီကို နိုင်ခဲ့တဲ့ဂျူဗီရဲ့အနိုင်ဟာ စီးရီးအေလေး ပွဲဆက်အနိုင်၊ အဆင့် ၄ တက်သွားပြီး လာဇီယိုနဲ့နှစ်မှတ်ကွာတယ်။ ဒါပေမဲ့ ဂျူဗီဟာ တစ်ပတ်အတွင်း ဖလား ပြိုင်ပွဲနှစ်ရပ်ကနေ ထွက်ခဲ့ရတယ်၊ ကြားရက်မှာ အမ်ပိုလီရဲ့အရန်အသင်းလေးက ဂျူဗီကို ကိုပါအီတာလီယာ ဖလားကွာတားဖိုင်နယ်မှာ ပင်နယ်တီနဲ့နိုင်သွားခဲ့တာပဲ။ ဒီစိတ်ပျက်ဖွယ်အရှုံးက ဂျူဗီနည်းပြသီယေဂိုမော့တာရဲ့ အနာဂတ်အပေါ် စောင့်ကြည့်ချင်စရာဖြစ်ခဲ့သလို၊ အသင်းတွင် ဦးဆောင်မှုနဲ့ အသင်းဟန်ချက်ပုံစံကို မထိန်းနိုင် ခြင်းကြောင့်လည်း အဝေဖန်ခံလာရတယ်။ ဒီနေ့ညပွဲတော့ ဂျူဗီပြန်ဦးမော့လာဖို့အခွင့်အရေးဖြစ်တော့ ဖွင့်ပြီး ကစားမှာ။ ဗီရိုနာကလည်း ဂိုးသွင်းခွင့်ဖန်တီးနိုင်စွမ်းအားကောင်းပြီး အဝေးကန်သွင်းချက်တွေ အားပြင်းတယ်။ ဒါကြောင့် နှစ်ဖက်သွင်းဂိုးမျှော်လင့်ရနိုင်လို့ ဂိုးအပေါ်အားပေးတာအကောင်းဆုံးပါပဲ။ ++++++++++++++++ နော်တင်ဟမ် vs အစ်ဆွစ်ချ် (အိမ် ၁+၃၀/၃+၇၀) အာဆင်နယ်နဲ့ဂိုးမရှိသရေကျပြီး နော်တင်ဟမ်ဟာ နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲပျောက်သွားတယ်။ ပြိုင်ပွဲစုံနောက် ဆုံးခြောက်ပွဲမှာ နှစ်ပွဲသာနိုင်ပေမယ့် နော်တင်ဟမ်တို့ အိမ်ကွင်းရှစ်ပွဲရှုံးပွဲမရှိ၊ ခြောက်ပွဲနိုင်ထားတယ်။ အစ် ဆွစ်ချ်ကတော့ မန်ယူကို ၃-၂နဲ့ရှုံးတယ်။ နောက်ဆုံးရှစ်ပွဲ တစ်ပွဲသာနိုင်တယ်။ ကိုဗင်ထရီနဲ့ အက်ဖ်အေဖလားပွဲ ပါ။ .နိုင်ခဲ့တဲ့နောက်ဆုံးနှစ်ပွဲကလည်း အောက်တန်းလိဂ်ပြိုင်ဘက်တွေနဲ့။ ဆိုတော့ ပွဲထွက်လူစာရင်းအများအပြား အပြောင်းအလဲလုပ်ထားတဲ့ ဖောရက်စ်တို့ အိမ်ကွင်းရှုံးပွဲမရှိခြေစွမ်းကို ဆက်ထိန်းပြီး အက်ဖ်အေဖလား ကွာ တားဖိုင်နယ်အဆင့်တက်လှမ်းသွားမှာပါ။ ဒီပွဲပြီးရင် မန်စီးတီးကို အိမ်ကွင်းလိဂ်အရေးကြီးပွဲရှိတဲ့အတွက် ဖော ရက်စ်တို့ တစ်ဂိုးသွင်းပြီးထိန်းကစားလာနိုင်တယ်။ ဒါကြောင့် ဖောရက်စ်နဲ့ ဂိုးအောက်တွဲအားပေးသင့်ပါတယ်။ ++++++++++++++++ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati