
စပါး - လီဗာပူး (ပရီးမီးယားလိဂ်) ည ၁၁နာရီ၊ (လီဗာပူး ၁+၄၀/ဂိုး ၄+၅၀) ခရစ္စမတ်အကြိုပရီးမီးယားလိဂ်ပွဲ၊ အန်းဆလော့တ်ရဲ့လီဗာပူးဟာ ဒီဇင်ဘာ ၂၅ဆို ခရစ္စမတ်သစ်ပင်ထိပ်မှာ ဆက်ရှိနေဖို့ မျှော်လင့်နေမှာ။ ကာရာဘောင်ဖလားမှာ ဆောက်သမ်တန်ကို ၂-၁နဲ့နိုင်ပြီး ဆီမီးတက်ထားတဲ့ လီဗာပူးဟာ ဆလော့တ်လက်ထက် ပြိုင်ပွဲစုံ ၂၄ပွဲမှာ စက်တင်ဘာ နော်တင်ဟမ်နဲ့တစ်ပွဲသာရှုံးထားတယ်။ ဒီပွဲနိုင် ရင် ၂၀၂၀နောက်ပိုင်း ပထမဆုံးအကြိမ် ခရစ္စမတ်ကာလကို အမှတ်ပေးဇယားထိပ်မှာသေချာပေါက် ရပ်တည်နိုင် မှာဖြစ်ကြောင်းပါ။ ဒါပေမဲ့ အဲဒီလိုခရစ္စမတ်မှာ ထိပ်ဆုံးရပ်တည်ခဲ့ဖူးတဲ့ဘောလုံးရာသီနောက်ဆုံး ၇ ခုမှာ၊ တစ် ကြိမ်ပဲ လီဗာပူး ဖလားရဖူးတယ်၊ ၂၀၁၉-၂၀ရာသီကပဲ။ ဆလော့တ်လက်ထက် လှပလွန်းတဲ့တာထွက်အစမှာ အဓိ ကျကသူကတော့ မိုဟာမက်ဆာလာပါပဲ။ ဒီရာသီ ကွင်းတွင်း၊ ကွင်းပြင် လူပြောသူပြောများတဲ့တောင်ပံတိုက်စစ် မှူးပါ။ မိုဟာမက်ဆာလာ ၁၃ဂိုးသွင်း၊ ဖန်တီးမှု ၉ လုံး၊ ဂိုးပါဝင်ပတ်သက်မှု ၂၂ကြိမ်၊ ကစားချိန် ၁၃၁၉ မိနစ်၊ အီဂျစ်သားဆာလာအတွက်စာ ချုပ်သစ်ကိစ္စ ဘာမှထပ်မကြားရပေမယ့် ချုပ်ဖြစ်ကာနီးလို့သိရတယ်။ ချုပ်ဖြစ်ခဲ့ရင် ဆာလာဟာ ရာသီကုန်ဂုဏ် ထူးဆုပေါင်းများစွာနဲ့ ထိပ်တန်းစာရင်းဝင်ဦးမယ့်သူပါ။ ပရီးမီးယားလိဂ်ရယ်လို့ ပြိုင်ပွဲစတင်မှု ၃၂နှစ်သမိုင်းကာလ မှာ ဘယ်ကစားသမားမှ ဆာလာထက် ခရစ္စမတ်မတိုင်ခင် တစ်ရာသီတည်း ဂိုးလည်းသွင်း၊ ဂိုးလည်းဖန်တီး ပေးနိုင်တာမျိုး လုပ်မပြနိုင်သေးပါဘူး။ စူပါဆန်းဒေးမှာ သူသာဂိုးသွင်းလိုက်ရင် ဆာလာတစ်ယောက် သမိုင်းတွင် ပါဦးမယ်။ ဒီရာသီ လိဂ်မှာ ဆာလာထက် ဂိုးဖန်တီးပေးမှုပိုများတာ အာဆင်နယ်က ဘူကာယိုဆာခါ(၁၀လုံး)သာရှိ ပါတယ်။ ဆာလာဟာ လီဗာပူးအတွက် အနိုင်ယူပေးတဲ့ယန္တရားပါ။ ဒီရာသီလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၂၂ ကြိမ်ဆိုတာတ ကယ်တမ်းတော့ လီဗာပူးရဲ့စုစုပေါင်းသွင်းဂိုး ၃၁ဂိုးရဲ့ ၇၁ ရာခိုင်နှုန်း သူပါဝင်ထားတဲ့သဘောပါ။ ဘယ်ကစားသ မားမှ ဒီစံချိန်မရသေးဘူး။ ဆာလာအပြင် လီဗာပူးအတွက် အရန်မှာ အားထားရသူက ဒီယေဂိုဟိုတာရှိသေး။ ဟို တာဟာ ဖူလ်ဟမ်နဲ့ ၂-၂သရေကျတုန်းက အရန်ကနေဝင်ကစားပြီး နောက်ဆုံးဂိုးသွင်းပေးခဲ့သူ။ ဒီဂိုးဟာ လီဗာ ပူးအတွက် အရန်ဝင်ကစားပြီးသွင်းယူတဲ့ သူ့ရဲ့ရှစ်ဂိုးမြောက်။ ၂၀၂၀ စက်တင်ဘာမှာ အန်ဖီးလ်ကို ရောက်လာပြီး နောက်ပိုင်း ဘယ်အရန်ကစားသမားမှ ဟိုတာရဲ့ ဒီစံချိန်ကိုလိုက်မမှီသေးဘူး။ တစ်ဖက်မှာ စပါးကလည်း ဆောက်သမ်တန်ကို ၅-၀နဲ့နိုင်ပြီး ပွဲပြန်ခံလာတယ်။ ပြီးတော့ ကာရာဘောင်ဖလားမှာ မန်ယူကို ၄-၃နဲ့ထပ်နိုင်လိုက်တဲ့အတွက် စပါးဟာ ပြိုင်ပွဲစုံ ငါးပွဲဆက်နိုင်ပွဲရအသင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ခြုံ ကြည့်ရင် စပါးက ခြေမငြိမ်သေးဘူး၊ ဒီရာသီ မတူတဲ့ပွဲစုံကိုးပွဲမှာ သုံးဂိုးအထက်သွင်းထားတာကို အတော်များများ က မကျေနပ်ကြသေးဘူး။ ဒီရာသီ စပါးရဲ့လိဂ်သွင်းဂိုး ၃၆ဂိုးထက် ပိုသာတာ ချဲလ်ဆီးပဲရှိတယ်။ အဓိက စပါးမှာ ခံစစ်ပိုင်း ပြဿနာရှိနေတာပါ။ သူ့ခံစစ်ကို ပြိုင်ဘက်အသင်းတိုင်း ထိုးဖောက်နိုင်္ငနေတယ်။ ဒီလိုထိုးဖောက်ခံရမှုစံ ချိန်မှာ အဆိုးဆုံးရှစ်သင်းမြောက်အဖြစ် စပါးဝင်နေတယ်။ အဆင့် ၁၅ ကပဲလေ့စ်တောင် စပါးခံစစ်ကို ထိုးဖောက် ပြီး ဂိုးရခွင့်နှုန်း ၂၂.၅ ရှိသလို၊ အဆင့် ၁၆ က အဲဗာတန်ဆိုရင် ၂၀.၃ ရာနှုန်းရှိတယ်။ ဆွန်ဟောင်မင်း ပြီးတော့ စပါးရဲ့ပြိုင်ဘက်ကို တစ်ဟုန်ထိုးဖိကစားတတ်မှုရဲ့အားနည်းချက်က အိမ်ကွင်းမှာ ချဲလ်ဆီးကို ၃-၂နဲ့အ ရှုံးပေးလိုက်ရမှုပါပဲ။ အခုလီဗာပူးနဲ့ပွဲမှာ အဲဒီပုံစံအတိုင်းစပါးကစားရင် အကျပ်အတည်းဆိုက်သွားနိုင်တယ်။ စပါးလို့ပြောရင် ဆွန်ဟောင်မင်းနဲ့ တွဲလျက်ပေါ့။ ဆွန်ဟောင်မင်းရဲ့စံချိန်က ဂိုးဖန်တီးမှု ၆၈ကြိမ်ရှိတယ်။ ဒီစံချိန် တင်ဖို့ ဆွန်ဟာ ၃၁၆ ပွဲကစားခဲ့ရတယ်။ ဆိုလိုတာ ဆွန်ရဲ့ဖန်တီးမှုအကြိမ်က တက်ဒီရှာရင်ဂမ်(၃၂၉)၊ ရော်ဘီကိန်း (၃၃၅) နဲ့ ဂျာမိန်းဒီဖိုး(၃၃၈)တို့ထက် ပိုသုာနေတဲ့သဘောပါ။ လီဗာပူးဟာ စပါးနဲ့ လိဂ်နောက်ဆုံး ၂၃ကြိမ်တွေ့ခဲ့ဖူးပြီး ၁၅ကြိမ်နိုင်၊ ၆ကြိမ်သရေ၊ ၂ကြိမ်သာရှုံးဖူးတယ်။ နောက် ဆုံး ၁၇ ပွဲစလုံးမှာ ဂိုးမသွင်းတဲ့ပွဲမရှိဘူး။ ဒါပေမဲ့ စပါးကတော့ မနှစ်တုန်းက ၂-၁နဲ့နိုင်ထားတယ်။ ဒါပေမဲ့ အဲတုန်း က လီဗာပူးက တစ်ယောက်လျော့နဲ့ဆိုတော့ အငြင်းပွားစရာရှိတာပေါ့။ ဒါပေမဲ့ စပါးဟာ ဇယားထိပ်ကအသင်း တွေနဲ့ တွေ့ခဲ့တဲ့ လိဂ်နောက်ဆုံး ၁၁ပွဲမှာ ကိုးပွဲရှုံးထားတဲ့အချက်က ထူးခြားချက်ပါ။ အဲဒီရှုံးပွဲမှာ ငါးပွဲက အိမ်ကွင်း မှာပဲရှုံးတယ်။ စပါး - လီဗာပူး ခန့်မှန်းချက် စပါးကွင်းမှာ လီဗာပူး သုံးမှတ်ရဖို့က ရေပန်းစားနေပါတယ်။ နို်ငဖို့ အခွင့်အရေး ၅၂.၇ ရာခိုင်နှုးန်ရှိနေတယ်။ စပါး ဘက်မှာတော့ နိုင်ဖို့ ၂၄.၆ ရာခိုင်နှုန်း၊ သရေကျဖို့ ၂၂.၆ ရာခိုင်နှုန်းပဲရှိတယ်။ လီဗာပူး အနိုင်ကိုပဲ ရွေးချယ်ချင်ပါ တယ်။ နှစ်သင်းစလုံးအစဉ်အလာတွေ့ဆုံမှုနောက်ဆုံးရှစ်ကြိမ်စလုံးဟာ အပြန်အလှန်သွင်းဂိုးတွေချည်းနဲ့မို့မြိုင် ဆိုင်လှတဲ့ပွဲတစ်ပွဲကိုမြင်တွေ့ရမှာ မလွဲဘူး။ ဒါကြောင့် ဂိုးလည်းမြူးလာနိုင်ပါတယ်။ လီဗာပူးနဲ့ ဂိုးအပေါ်အားပေး တာအကောင်းဆုံးဖြစ်မယ်။
© COPYRIGHTS 2024 by illuminati