
မနေ့ကတော့ Pieces sports ပရိသတ်တွေအတွက် ဝက်စ်ဟမ်းနဲ့ ဘိုလော့ဂ်နာဂိုးအပေါ် ရွေးချယ်ပေးခဲ့လို့ အောင်မြင်သွားတဲ့အတွက် ဝမ်းသာရပါတယ်။ ဒီနေ့သောကြာနေ့ဆက်လက်အောင်ပွဲခံနိုင်ဖို့ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါလိဂ်ပွဲသုံးပွဲကို ဆက်လက်တွက်ချက်ရွေးချယ်ပေးလိုက်ပါတယ်။ အောင်မြင်ကြပါစေ။ ဗလာဒိုးလစ် vs လက်စ်ပါးမတ်စ် (လာလီဂါ) အဝေး =၃၀/၂-၅၀ နှစ်သင်းစလုံးက ခံစစ်ညံ့တာချင်းအားပြိုင်နေကြတာပါ။ လက်စ်ပါးမတ်စ်ခံစစ်က အဝေးကွင်းဆိုအတော်ဆိုးပါ တယ်။ အဝေးကွင်းနောက်ဆုံးလေးပွဲစလုံးခံစစ်ကဂိုးတွေပေးရပြီး ဂိုးအပေါ်အောင်မြင်ထားတယ်။ ဗလာဒိုးလစ် ကလည်း ဘီလ်ဘာအိုကို ၇ ဂိုး၊ ဆီဗီလာကို အိမ်ကွင်းမှာ ၄ဂိုးပေးရတဲ့ခံစစ်ကြောင်းပါ။ နှစ်သင်းစလုံးထိပ်တိုက် တွေ့ရင်တော့ အပြန်အလှန်ဂိုးသွင်းကြတာများတယ်။ ပ-အကျော့တုန်းက လက်စ်ပါးမတ်စ်နိုင်ထားတာဆိုတော့ အိမ်ကွင်းမှာ လက်စားပြန်ချေမယ့် ဗလာဒိုးလစ်တို့ ဖွင့်ကစားလာနိုင်တာကြောင့် အခုပွဲဂိုးအပေါ်ကောင်းပါတယ်။ ဖီအိုရင်တီးနား vs လက်ချီ (စီးရီးအေ) အိမ်၁+၇၀/၂-၃၀ ဘော်ဒီနဲ့ ဂိုးပေါင်းစျေးမညီမျှဘူးဖြစ်နေတယ်။ ဂိုးပေါင်းစျေးက ပျော့လွန်းပါတယ်။ ဖီအိုရင်တီးနားက ဗီရိုနာနဲ့ ပွဲမှာ ဒုတိယပိုင်းရောက်မှ မထင်မှတ်ဘဲ ၁-၀နဲ့ရှုံးနိမ့်သွားတယ်။ သုံးပွဲဆက်အရှုံးပေါ့။ လက်ချီကလည်း ကစား ခဲ့တဲ့နောက်ဆုံးသုံးပွဲမှာ နိုင်ပွဲမရသေးပါဘူး။ အူဒီးနိစ်ကို ပင်နယ်တီတစ်လုံးနောက်ဆုံးရှုံးခဲ့တယ်။ လက်ရှိဖီအို ရင်တီးနားက အမှတ်ပေးဇယားမှာ အဆင့်ခုနှစ်၊ လေးနေရာက ဂျူဗင်တပ်နဲ့ ခုနှစ်မှတ်ပြတ်နေတယ်။ တိုက်စစ် မှူးမွိုက်စ်ကင်းမပါနိုင်မှုဟာ အိမ်ရှင်အသင်းအတွက် ဂိုးသွင်းစွမ်းရည်ကျသွားစေတာပါပဲ၊ ဒါ့အပြင် ဂိုးဖန်တီးမှု ပိုင်းနဲ့ ပွဲကို ထိန်းချုပ်နိုင်စွမ်းမှာလည်း ဖီအိုရင်တီးနားအားနည်းနေတယ်။ တစ်ဖက်ကလည်း လက်ချီက လည်း နောက်ဆုံးသုံးပွဲစလုံးဂိုးပေါက်ပျောက်နေတာဆိုတော့ အခုပွဲစဉ်ဟာ နှစ်ဖက်သွင်းဂိုးတွေ အပြန်အလှန်မြင်ရဖို့ မရှိ ဘူး။ ဂိုးအောက်ရပ်တည်သင့်ပါတယ်။ စတုဂတ် vs ဘိုင်ယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ) အဝေး၁+၃၀/၃= မနှစ်ကရာသီဒုတိယချိတ်ခဲ့တဲ့ စတုဂတ်ကတော့ ဒီနှစ် အဆင့်ခုနှစ်ကို လျှောကျ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရစေဖို့ ကြိုး စားရုန်းကန်နေရတယ်။ ၁၉၉၅/၉၆တုန်းက တစ်ပွဲနိုင် သုံးမှတ်စနစ်ကို စတင်သွင်းပြီးနောက်ပိုင်း ဇယားထိပ် ဦးဆောင်တဲ့အသင်းတွေဟာ ဒီရာသီလက်ရှိအခြေအနေမှာပဲ ဒုတိယအသင်းကို ရှစ်မှတ်ဖြတ်ထားနိုင်တာမျိုး တစ်ခါမှမရှိခဲ့ဘူး။ ဘိုင်ယန်ဟာ တစ်ပွဲ ပျမ်းမျှသုံးဂိုးနှုန်းနဲ့ဂိုးသွင်းအမြင့်ဆုံးဖြစ်နေပြီး ဒီရာသီ လိဂ်တစ်ပွဲတည်း ငါးဂိုးသွင်းတာ ငါးကြိမ်တောင်ရှိနေပြီ။ ပြီးခဲ့တဲ့တစ်ပတ် အဆင့်သုံးက ဖရန့်ဖတ်ကိုလည်း ၄ဂိုးပြတ်နဲ့အသာအယာ ဖြတ်ကျော်နိုင်ခဲ့တယ်။ ဂျာမန်ချန်ပီယံရဲ့အဓိကအာရုံဟာ ကြားရက် ချန်ပီယံလိဂ်ပ-အကျော့လေဗာကူဆင်နဲ့ပွဲကို ရောက်နေပါလိမ့်မယ်။ စတုဂတ်ကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာ။ ပြီးခဲ့တဲ့ရာသီတုန်းက စတုဂတ်က ၃-၁နဲ့နိုင်ခဲ့ပေမယ့် မြူးနစ်မှာ လေးဂိုးပြတ်နဲ့ပြန်နိုင်ထားတဲ့ ဘိုင်ယန်တို့ နှစ်ဂိုးပြတ်လောက်နဲ့ အနိုင်ယူနိုင်စွမ်းရှိပါ တယ်။ ဘိုင်ယန်ကိုပဲ ယုံကြည်သင့်ပါတယ်။ ++++++++++++++++++++++++++++++++++ ဘောလုံးအားကစား ဝါသနာပါသူတိုင်းအတွက် ပွဲရလဒ်တွေကို ပေါ့ပေါ့ပါးပါးခန့်မှန်းရင်း ပျော်ပျော်ပါးပါး ကြည့်လို့ရအောင် ကျွန်တော်တို့ရဲ့ Pieces Sport မှာ ပါဝင်ဆင်နွှဲလို့ရနေပြီဖြစ်ကြောင်း အသိပေးပါရစေ။ ပျော်ပျော်ကြီး ခန့်မှန်းဖို့ >>>> ps.piecesball.com အပတ်စဉ် ဘောလုံးပွဲတွေကိုခန့်မှန်းရင်း ၁သိန်းတန် ဆုကြေးကြီးကို အပိုင်ရယူနိုင်ပါစေ။ #piecessport
© COPYRIGHTS 2024 by illuminati