
လာမယ့်တနင်္ဂနွေနေ့မှာ ပရိသတ်အများစုအာရုံစိုက်ကြည့်ကြမယ့် ပရီးမီးယားလိဂ်ထိပ်သီးပွဲစဉ်တစ်ပွဲကစားဖို့ရှိပါတယ်။ အမ်းမရိတ်မှာ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ပွဲစဉ်ပါပဲ။ တကယ်လို့များ အဲဒီပွဲမှာ လီဗာပူးကသုံးမှတ်သာယူသွားနိုင်ရင် အာဆင်နယ်ဟာ လီဗာပူးနောက်မှာ ခုနှစ်မှတ်ပြတ်ကျန်ရစ်သွားမှာဖြစ်ပြီး ဒီရလဒ်ဟာ ရာသီ ကုန်ဖလားရရေးအတွက် ကြီးကြီးမားမား သက်ရောက်မှုရှိသွားနိုင်ပါတယ်။ လက်ရှိမှာ လီဗာပူးက လိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို တစ်မှတ်၊ တတိယနေရာက အာဆင်နယ်ကို လေးမှတ် ဖြတ်ထားပါတယ်။ လီဗာပူးအတွက် တစ်ခုအားသာချက်က ပြိုင်ဘက် အာဆင်နယ်ဟာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင် နေရတာပါပဲ။ အင်္ဂါနေ့က ရှက်တာဒိုးနက်ကို နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ ဘူကာယိုဆာခါတို့ မကစားနိုင်ခဲ့ကြသလို ခံစစ်မှူးကာလာဖီအိုရီကလည်း ဒူးလည်သွားလို့ ခွဲစိတ်မှုခံ ယူရမှာဖြစ်နေတယ်။ နောက်ထပ်အားကိုးရသူ ခံစစ်မှူးဝီလျံဆာလီဘာကလည်း ဘုန်းမောက်နဲ့ပွဲတုန်းကထုတ်ခံရလို့ တစ်ပွဲပယ်ပြစ်ဒဏ်ထိတော့ လီဗာပူးနဲ့ပွဲလွဲမှာပါ။ ဒါပေမဲ့ အာဆင်နယ်နည်းပြအာတီတာကတော့ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် သူ့အသင်းရဲ့ဖလားရည်မှန်းချက်တွေအတွက် ယုံကြည်မှုတော့ရှိနေဆဲပါ။ တနင်္ဂနွေပွဲမတိုင်ခင် လီဗာပူးအသင်းဘက်ကို ပွဲအတွက်သေချာပြင်ထားဖို့တောင် အာတီတာက သတိပေးလိုက်ပါသေးတယ်။ ချန်ပီယံလိဂ်နိုင်ပွဲရခဲ့လို့ ယုံကြည်မှုမြင့်မားနေတဲ့ အာတီတာက ‘ဘရာဇီးနဲ့နိုင်ငံစုံကပြန်လာပြီးနောက် နိုင်ငံတကာပွဲတွေကစားခဲ့ရတဲ့ကစားသမားတွေနဲ့ လွန်ခဲ့တဲ့နှစ် ညစလုံးကျနော်တို့ကစားခဲ့ရပါတယ်။ ဒီတော့ ပွဲမှာ အခက်အခဲတွေဖြစ်ခဲ့တယ်။ ဘောလုံးပေးပို့မှုတွေ မမှန်ကန်ခဲ့ဘူး။ ဒါပေမဲ့ အခုလေးရက်အချိန်ရတယ်။ ကျနော့်ကိုယုံစမ်းပါ။ လာမယ့်တနင်္ဂနွေနေ့ပွဲမှာ ကျနော်တို့ အမြင့်ပျံနေဦးမယ်ဆိုတာကိုပါ’လို့ ပြောကြားသွားခဲ့တယ်။ ဒါပေမဲ့တစ်ဖက်က လီဗာပူးကတော့ ကြံ့ခိုင်မှုအပြည့်နဲ့လူစုံတက် စုံအသင်းပါ။ ပြီးရင် အမ်းမရိတ်ကွင်းနောက်ဆုံးသွားကစားတော့ရှုံးခဲ့တာ ဖေဖော်ဝါရီတုန်းကပဲရှိပြီး အာဆင်နယ် နဲ့တွေ့တိုင်းမှတ်တမ်းကောင်းပိုင်ဆိုင်ထားပါတယ်။ ဇန်နဝါရီတုန်းကဆိုရင် လီဗာပူးဟာ အာဆင်နယ်ကို အက်ဖ် အေဖလားကနေပါထွက်သွားရအောင်လုပ်ထားခဲ့ဖူးတယ်။ ဒီတော့ ဒဏ်ရာဝန်ပိနေတဲ့အာဆင်နယ်ဟာ အာတီ တာပြောသလိုမျိုး တနင်္ဂနွေချိန်းပွဲမှာတော့ တကယ်ပဲ အမြင့်ပျံသန်းပြနိုင်မလားစိတ်ဝင်တစားစောင့်ကြည့်ရပါ မယ်။
© COPYRIGHTS 2024 by illuminati