
ကိုင်လီအမ်ဘာပေဆိုတာ ကမ္ဘာမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်နိုင်ပါတယ်၊ ပြင်သစ်အသင်း ခေါင်းဆောင်လည်းဖြစ်သူပါ။ ဒါပေမဲ့ ပြင်သစ်အသင်းနည်းပြချုပ်ဒီဒီယာဒက်စ်ချမ့်ကတော့ သူကပဲ လက်ရွေးစင် အသင်းရဲ့အဓိကခေါင်သူကြီး (ဘော့စ်) ဖြစ်ကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြသသွားခဲ့တယ်။ ဆွီဒင်ကို ခရီးအ ထွက်မှာ မုဒိမ်းမှုစွဲချက်နဲ့ရင်ဆိုင်ခဲ့ရတဲ့ ရီးယဲလ်ကြယ်ပွင့်အမ်ဘာပေဟာ စပိန်ကလပ်နဲ့အထိုင်မကျသေးတဲ့သူတစ် ဦးဖြစ်နေပါတယ်။ မုဒိမ်းမှုမှာပါဝင်ပတ်သက်သူ နာမည်အတိအကျမထွက်လာသေးပေမယ့် ဒီဖြစ်ရပ်နဲ့တော့ အမ်ဘာပေ ပတ်သက်နေခဲ့တယ်၊ သူ့ရဲ့ဥပဒေရေးရာအဖွဲ့ကတော့ ဒီကိစ္စကို ငြင်းချက်ထုတ်ထားပါတယ်။ ဒီစွဲချက်နဲ့အချိန်ကိုက်ဖြစ်ခဲ့တာက ပြီးခဲ့တဲ့နိုင်ငံတကာပွဲတွေမှာ ဒဏ်ရာကသက်သာလာဖို့အကြောင်းပြချက်နဲ့ အမ်ဘာပေဟာ ပြင်သစ်အသင်းအတွက် ကစားဖို့ငြင်းခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ လာမယ့်နိုင်ငံတကာပွဲမလာခင်မှာပဲ အမ်ဘာပေဟာ အစ္စရေး၊ အီတလီတို့နဲ့ကစားမယ့် ပြင်သစ်အသင်းရဲ့နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ သူကိုယ်တိုင် ကစားဖို့ကြံ့ ခိုင်မှုအပြည့်ဖြစ်နေတောင် ဖယ်ထုတ်ခံခဲ့ရတာ။ လူစာရင်းကြေညာပြီးတဲ့နောက် မာဆေးနဲ့မိုနာကိုအသင်းနည်းပြ ဟောင်းဖြစ်တဲ့ဒက်စ်ချမ့်က ‘အမ်ဘာပေနဲ့ အတော်လေးစကားပြောဖြစ်ခဲ့ပြီး ဒီတစ်ကြိမ် အသင်းကနေထုတ်ထား ဖို့ ကျနော်ဆုံးဖြတ်ခဲ့တာပါ။ နှစ်ချက်ပြောစရာရှိတယ်။ အမ်ဘာပေက လာကစားချင်ခဲ့တယ်ဆိုတဲ့တစ်ချက်၊ ဒုတိ ယတစ်ချက်က အပြစ်ကင်းတယ်၊ ကင်းရမယ်ဆိုပြီးပြောကတည်းက ဖြစ်လာတဲ့အားကစားပြင်ပအပိုပြဿနာတွေ မဟုတ်ဘူး။ ဒီလိုစုဖွဲ့ဖို့ ယတိပြတ်ရွေးချယ်တာ’လို့ ပြောခဲ့တယ်။ သတင်းတွေအရ မရွေးထားဘူးဆိုတဲ့အကြောင်းပြချက်ကို ဒက်စ်ချမ့်က အမ်ဘာပေကို သုံးရက်စလုံး ဆွေးနွေး ပြောပြခဲ့တယ်လို့ဆိုတယ်။ ဒီတော့ အမ်ဘာပေဘက်က အသင်းမှာကစားရမှာမဟုတ်ဘူးလို့ သူ့အနေနဲ့ တွေးစရာ အကြောင်းမရှိဘူးလို့ ထင်ရတယ်။ နောက်ဆုံးဆက်လာတဲ့ဖုန်းမှာတော့ ဒက်စ်ချမ့်က သူ့ကစားသမားကို ကာကွယ် တဲ့စကားတွေနဲ့ အကြောင်းပြချက်ပေးခဲ့တယ်လို့ ပြောကြတာပဲ။ အမ်ဘာပေဘက်က သူ့ကို ကြိုသတိပေးလို့ နည်းပြကို ကျေးဇူးတင်ခဲ့တယ်လို့လည်း သတင်းတွေက တင်ပြထားတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ဘယ်ကိစ္စမ ဆို မျက်လုံးချင်းဆုံစကားမပြောဘူးဆိုတဲ့ ပြောဆိုချက်လည်းရှိနေတယ်။ ဘယ်လိုပဲဖြစ်နေနေ အမ်ဘာပေကတော့ ပြီးခဲ့တစ်ခေါက်က လက်ရွေးစင်အသင်းအတွက် ကစားဖို့ ငြင်းတယ်၊အ ခုတော့ သူကစားချင်ရင်တောင် နည်းပြက အသင်းနဲ့ပတ်သက်ရင် ဘယ်ကစားသမားမှ မျက်နှာသာပေးစရာမရှိ၊ အသင်းမှာ သူပဲခေါင်ချုပ်ဆိုတာကို အမ်ဘာပေကို ဖယ်ချန်ထားခြင်းအားဖြင့် ပြသလိုက်တာကတော့ အမှန်ပဲ။
© COPYRIGHTS 2024 by illuminati