
အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းထံ ပြောင်းရွှေ့ကစားခွင့်ရလို့ အရမ်းကို ဝမ်းသာမိတဲ့အကြောင်း ခံစစ်မှူး kyle walker က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အသင်းသစ်မှာ အင်္ကျီနံပတ် ဝတ်ဆင်ကစားသွား မယ်လို့လည်း သိရပါတယ်။ ပေါင်း ၄.၂သန်းတန်အငှားစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်မှာ အသက် ၃၄နှစ် walker ဟာ ပေါင် ၄.၂သန်းအငှားစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်မှာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မန်ချက်စ တာကို စွန့်ခွာပြီး အီတလီကို ရောက်ရှိလာခဲ့ပါတယ်။ ကလေးလေးဦးရဲ့ဖခင်ဖြစ်တဲ့ walker ဟာ အေစီမီလန်မှာ ဒေးဗစ်ဘက်ခမ်းဝတ်ဆင်ကစားသွားခဲ့တဲ့ ကျောနံပတ် ကိုပဲ ဝတ်ဆင်မှာဖြစ်ပါတယ်။ walker အနေနဲ့ အလုပ်လုပ်ခွင့်ပါမစ်လျှောက်ရဖို့ရှိသေးတဲ့အတွက် ရှေ့လမတိုင် ခင်အထိ အေစီမီလန်အတွက် ကစားပေးရဦးမှာမဟုတ်ပါဘူး။ ဗြိတိန်က ဥရောပသမဂ္ဂထဲကနေ ထွက်လိုက်ပြီး နောက်ပိုင်းမှာ အင်္ဂလန်မြေဖွားကစားသမားတွေအတွက် ပြည်ပမှာ အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားဖို့လိုအပ် ပါတယ်။ ဗြိတိန်ထွက်သွားပြီးနောက်မှာ အီးယူကနေ အီးယူပြင်ပနိုင်ငံသားတွေအနေနဲ့ အီတလီမှာ အလုပ်လုပ် ချင်ရင် ရက် ၉၀ကျော်ထက်မကြာစေဘဲ အလုပ်လုပ်ခွင့်ပါမစ်ရယူပါမယ်။ ဒါ့အပြင် ရှေ့လာမယ့်တစ်ပတ် အေစီမီလန်အသင်းရဲ့ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ဒိုင်နမိုဇာဂရက်နဲ့ပွဲကိုလည်း walker ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး၊ walker ကစားနိုင်မယ့်ပွဲကတော့ မြို့ခံပြိုင်ဘက်အင်တာမီလန်အသင်းနဲ့ ကစားမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့ပွဲစဉ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ walker ဟာ အခြားအင်္ဂလိပ်ကစားသမား ဟောင်းများစွာလိုပဲ အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati